Local News Peace political news

မြန်မာ့တပ်မတော် စစ်ရဟတ်ယာဉ်တစ်စီးကို ပစ်ချဟု AA သတင်းထုတ်ပြန်

မြန်မာ့တပ်မတော် စစ်ရဟတ်ယာဉ်တစ်စီးကို ပစ်ချဟု AA သတင်းထုတ်ပြန်

ရန်ကုန်၊ စက်တင်ဘာ ၇

ရခိုင်တပ်မတာ် AA က မြန်မာ့တပ်မတော်၏ စစ်ရဟတ်ယာဉ်တစ်စီးကို စက်တင်ဘာလ ၅ ရက်နေ့ နေ့လယ် ၃ နာရီ ၃၀ မိနစ်က ပစ်ချနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ(၅)ရက်၊နေ့လည်(၃) နာရီ(၃၀) မိနစ်ခန့်အချိန်တွင် (Mi 17 ဟုယူဆရသော) ရဟတ်ယာဉ်တစ်စင်းအားရက္ခိုင့်တပ်တော်မှပစ်ချနိုင်ခဲ့ကြောင်း၊ ရဟတ်ယာဉ်သည် ကင်းတလင်းရွာ၊ အနောက်မြောက်(၅.၅) ကီလိုမီတာအကွာအဝေး၊(သို့မဟုတ်) Laung Yet Taung လောင်းရပ်တောင်၊အနောက်ဖက်(၂.၄) ကီလိုမီတာ) (သို့မဟုတ်) ခန်ခတောင်တန်း၏အရှေ့ဖက်(၉၀၀ မီတာ) အကွာအဝေးရှိချောက်ထဲသို့ထိုးဆင်းကျသွားခဲ့ကြောင်း၊ ဓာတ်ပုံအထောက်အထားများရရှိရန် ကြိုးစားလျှက်ရှိကြောင်း၊ လက်ရှိအချိန်အထိလည်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း AA ဘက်မှ သတင်းထုတ်ပြန်ထားသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနအနေဖြင့် AA သတင်းထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး တပ်မတော်၏ တုံ့ပြန်မှု ရရှိရန် ကြိုးပမ်းလျက်ရှိသော်လည်း အဆက်အသွယ်မရရှိသေးပေ။

စက်တင်ဘာလ ၆ ရက်နေ့ တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စည်တောင်ကျေးရွာနှင့် ရေခေါင်းချောင်း ကျေးရွာအကြားစားကျက်မြေ၌ ယနေ့နံနက် ၁၁ နာရီခန့်တွင် ရဟတ်ယာဉ် ၁ စီး ခေတ္တ ဆင်းသက်ရပ်နားခဲ့ကြောင်း၊အဆိုပါရဟတ်ယာဉ်မှာ အင်ဒိုနီးရှားနိုင်ငံ သစ်တောမီးလောင်မှုသို့ သွားရောက်ကူညီမည့် နီပေါနိုင်ငံမှ Mi-8 -MTV-1 အမျိုးအစား (Registration No/ Call Sgn: 9N-AHT) Helicopter ၁ စီးဖြစ်ကာ ပျံသန်းစဉ် ရာသီဥတုဆိုးရွာမှုကြောင့် ယခုကဲ့သို့ အရေးပေါ်ဆင်းသက်ရခြင်းဖြစ်ပြီး Bangladesh- Yangon – Thailand ခရီးစဉ်များ ပျံသန်းရန်အတွက် မြန်မာနိုင်ငံအပေါ်မှ ဖြတ်ကျော်ပျံသန်းခွင့်နှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဆင်းသက်ရပ်နားခွင့်တို့ကိုလည်း အင်ဒိုနီးရှားနိုင်ငံ သံရုံးမှတစ်ဆင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာနများသို့ တရားဝင် ဖြတ်ကျော် ပျံသန်းဆင်းသက်ရပ်နားခွင့် တင်ပြတောင်းခံထားသည့် ရဟတ်ယာဉ် ၁ စီးဖြစ်ကြောင်း ဖော်ပြထားသည်။

Photo Credit – Andy Davey

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com