All News Business

မြန်မာသည် အာဆီယံတွင် ငွေကြေးဖောင်းပွမှုနှုန်း အမြင့်မားဆုံးနိုင်ငံအဖြစ် ရပ်တည်

မြန်မာသည် အာဆီယံတွင် ငွေကြေးဖောင်းပွမှုနှုန်း အမြင့်မားဆုံးနိုင်ငံအဖြစ် ရပ်တည်

ရန်ကုန်၊ စက်တင်ဘာ ၇

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများတွင် ငွေကြေးဖောင်းပွမှု အမြင့်မားဆုံးနိုင်ငံအဖြစ် ရပ်တည်လျက်ရှိပြီး ၂၀၁၉ ခုနှစ် ဇွန်လ အချက်အလက်များအရ မြန်မာ့ငွေကြေးဖောင်းပွမှု နှုန်းသည် ၉ ဒသမ ၅၁ ရာခိုင်နှုန်း သို့ မြင့်တက်လာကြောင်း Trading Economics ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

အရှေ့တောင် အာရှ ၁၀ နိုင်ငံတွင် မြန်မာနိုင်ငံသည် ငွေကြေးဖောင်းပွမှု အမြင့်မားဆုံးဖြစ်ပြီး အနိမ့်ဆုံးမှာ ဘရူးနိုင်းနိုင်ငံဖြစ်ကြောင်း၊ မြန်မာ့ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ က ထက် ၃ ဒသမ ၃၇ ရာခိုင်နှုန်း မြင့်တက်သွားကြောင်း ထုတ်ပြန်ထားသည်။

ဘရူးနိုင်းနိုင်ငံသည် ငွေကြေးဖောင်းပွမှု နှုန်း ၀ ဒသမ ၆၀ နှုန်း၊ စင်ကာပူသည် ၀ ဒသမ ၄၀ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံသည် ၀ ဒသမ ၉၈ ရာခိုင်နှုန်း၊ မလေးရှားနိုင်ငံသည် ၁ ဒသမ ၄၀ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားနိုင်ငံသည် ၂ ရာခိုင်နှုန်း၊ ဖိလစ်ပိုင်နိုင်ငံသည် ၂ ဒသမ ၄၀ ရာခိုင်နှုန်း၊ ဗီယက်နမ် နိုင်ငံသည် ၂ ဒသမ ၄၄ ရာခိုင်နှုန်း၊ လာအိုနိုင်ငံသည် ၃ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားနိုင်ငံသည် ၃ ဒသမ ၃၂ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံသည် ၉ ဒသမ ၅၁ ရာခိုင်နှုန်းရှိကြောင်း သိရှိရသည်။

၂၀၁၉ ခုနှစ်မေလအတွင်း မြန်မာ့ငွေကြေးဖောင်းပွမှုနှုန်းသည် ငွေကြေးဖောင်းပွမှုနှုန်း ၉ ဒသမ ၅၇ ရာခိုင်နှုန်း ရှိခဲ့ရာ ဇွန်လ ငွေကြေးဖောင်းပွမှုနှုန်းနှင့် နှိုင်းယှဉ်လျှင် အနည်းငယ်ကျဆင်းသွားခြင်းဖြစ်သည်။

ပုံမှန်အားဖြင့် နိုင်ငံများ၏ ငွေကြေးဖောင်းပွမှု တက်နှုန်းသည် ၂ ရာခိုင်နှုန်း သို့မဟုတ် ယင်းပမာဏထက် အောက်လျှော့နည်းလျှင် လက်ခံနိုင်စရာရှိကြောင်း အမေရိကန်ဘဏ္ဍာရေးဌာနက ထုတ်ပြန်ထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com