Business political news

ဘဏ်များတွင် ငွေများ ထရီလီယံနှင့်ချီပြီး အဆင်သင့်ပြင် ဖြန့်ထားပြီးဖြစ်၍ ပူစရာမရှိဟု ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းပြော

ဘဏ်များတွင် ငွေများ ထရီလီယံနှင့်ချီပြီး အဆင်သင့်ပြင် ဖြန့်ထားပြီးဖြစ်၍ ပူစရာမရှိဟု ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းပြော

ရန်ကုန်၊ သြဂုတ် ၆

ပုဂ္ဂလိက ဘဏ်များတွင် ငွေများ ထရီလီယံနှင့်ချီပြီး အဆင်သင့်ပြင်ဆင်ကာ ဖြန့်ထားပြီးဖြစ်၍ စိုးရိမ်ပူပန်စရာမရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းက ယနေ့ လွှတ်တော်သို့ လာရောက်စဉ် သတင်းမီဒီယာများသို့ ထုတ်ဖော်ပြောဆိုသည်။

လတ်တလော ပြည်တွင်းတွင် ဘဏ်ချေးငွေများနှင့်ပတ်သက်သော ကောလဟလများ ပျံ့နှံ့ပြီး ဒေါ်လာဈေးနှင့် ရွှေဈေးနှုန်းများမြင့်တက်နေမှု အပါအဝင် ရိုက်ခတ်မှုများ စွာ ရှိနေမှု အပေါ် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

“တချို့ပြောနေကြတယ်။ ဘဏ်တွေက ငွေထုတ်ပြီး ရွှေတွေဝယ်နေကြတို့ ဘာတို့ ။ တကယ်တမ်းကျတော့ ဘဏ်တွေမှာ အားလုံးက တို့က ငွေသုံးတဲ့ အဖွဲ့အစည်းဖြစ်တဲ့အခါကျတော့ ငွေတွေက ဘဏ်မှာ အကုန်လုံး Liquidity က ရှိနေပြီးသား။ ရွှေဈေးတက်လို့ အကုန်လုံး ဘဏ်က နေ ငွေထုတ်ပြီးတော့ ရွှေတွေဝယ်နေပါတယ်ဆိုတာ ရွှေဈေးတက်တာ အရင်တုန်းကဆိုလို့ရှိရင် International Market မှာ ၁၂၀၀ လောက်ပဲရှိတာ။ အားလုံးလည်း သိကြတာပဲ။ အခုဆိုလို့ရှိရင် US ဒေါ်လာ က တစ်အောင်စကို ၁၅၀၀ လောက်ရှိပါတယ်။ ၃၀၀ လောက်တက်လာတဲ့အပေါ်မှာ အဲဒါကို တွက်ကြည့်ရင် နှစ်သိန်းခွဲလောက် တက်စရာရှိတယ်။ ဒါ ပုံမှန်အတိုင်း တက်နေတဲ့ကိစ္စကို ဘာကြောင့် ဒီအထဲက အကြောင်းတွေကို ဘဏ်က ငွေထုတ်ပြီး ဝယ်လို့ တက်တယ်။ ဘဏ်က ငွေထုတ်ပြီး ရွှေဝယ်တယ်ဆိုတာက အကြောင်းတရားတစ်ခုအနေနဲ့ ပြောကြတာပဲရှိတယ်။ အားလုံးက သူ့အကြောင်းနဲ့သူရှိပြီးသားပဲ။ တကယ်တမ်းက ဘဏ်တွေမှာ ငွေတွေက ဒီလောက်ပူစရာလည်းမလိုဘူး။ ဘဏ်တွေမှာ ငွေတွေက ပြည့်ပြည့်စုံစုံရှိပြီးသား။ ဘဏ်တွေမှာ ငွေတွေက ခုနက ပြောသလို ထရီလီယံ နဲ့ချီပြီးတော့ကိုရှိတယ်။ တို့ Societyက ငွေသုံးတဲ့ Society ဖြစ်တဲ့အတွက် ဘဏ်တွေကလည်း ငွေတွေကို အဆင့်သင့် ရှိနေပြီးသား ဖြန့်ထားပြီးသား ဒါတွေက ပူစရာမရှိဘူး။ ကြီးကြပ်တယ်ဆိုတာက ဗဟိုဘဏ်ရဲ့ ပုံမှန်လုပ်ငန်းပဲ။ ကြီးကြပ်တယ်ဆိုတာက ဗဟိုဘဏ်က ဘဏ်တွေကို ကြီးကြပ်နေတယ်” ဟု ဦးစိုးမင်းက ပြောကြားသည်။

စက်တင်ဘာလ ၅ ရက်နေ့ ရွှေဈေးနှုန်းသည် ၁၆ ပဲရည် အခေါက်ရွှေတစ်ကျပ်သားလျှင် ၁၃ သိန်းကျော်အထိ မြင့်တက်ခဲ့ပြီး အမေရိကန်တစ်ဒေါ်လာလျှင်လည်း ၁၅၄၀ ဝန်းကျင်တွင် အတက်အကျ ဖြစ်ပေါ်လျက်ရှိသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com