All News Local News

ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ်/တိုင်း ဝန်ကြီးချုပ် ပြည်ပ ဩဇာခံ မဖြစ်စေရေး အခြေခံဥပဒေတွင် ပြဌာန်းချက်အသစ် ထည့်သွင်းရေး ဥပဒေကြမ်းတစ်ရပ် တပ်မတော် တင်သွင်း

ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ်/တိုင်း ဝန်ကြီးချုပ် ပြည်ပ ဩဇာခံ မဖြစ်စေရေး အခြေခံဥပဒေတွင် ပြဌာန်းချက်အသစ် ထည့်သွင်းရေး ဥပဒေကြမ်းတစ်ရပ် တပ်မတော် တင်သွင်း

ရန်ကုန်၊ စက်တင်ဘာ ၁၇

ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်/တိုင်းဒေသကြီး ဝန်ကြီးချုပ်များသည် ပြည်ပသြဇာခံ မဖြစ်စေရေး အတွက် အခြေခံဥပဒေတွင် ပြဋ္ဌာန်းချက်အသစ် ထည့်သွင်းရေး ဥပဒေကြမ်းတစ်ရပ်ကို တပ်မတာ်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က ယနေ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် တင်သွင်းလိုက်ပြီဖြစ်သည်။

သမ္မတအရည်အချင်းသတ်မှတ် ပုဒ်မ ၅၉ (စ) ကို ပြည်နယ်တိုင်းဝန်ကြီးချုပ်များ၊ ပြည်ထောင်စု ဝန်ကြီးများ၏ အရည်အချင်းသတ်မှတ်ချက် ပုဒ်မအသစ်အဖြစ် တပ်မတော်က တင်သွင်းလာခြင်းဖြစ်သည်။

ပြည်နယ်၊တိုင်းဒေသကြီး ဝန်ကြီးချုပ်များ၊ ပြည်ထောင်စုဝန်ကြီးများသည် နိုင်ငံခြားသြဇာခံ မဖြစ်စေရေးအတွက် ယင်းအခြေခံဥပဒေ ပြင်ဆင်ရေး ပြဋ္ဌာန်းချက်အသစ်ကို တင်သွင်းရခြင်းဖြစ်ကြောင်း တပ်မတော်က ထုတ်ပြန်ပြောဆိုထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts