All News Local News

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် ပြုလုပ်မည့် KNGY ငြိမ်းချမ်းရေးစကားဝိုင်း ပိတ်ပင်ခံရ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် ပြုလုပ်မည့် KNGY ငြိမ်းချမ်းရေးစကားဝိုင်း ပိတ်ပင်ခံရ

ရန်ကုန်၊ စက်တင်ဘာ ၁၄

ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တွင် Kayan New Generation Youth (KNGY) က ကျင်းပပြုလုပ်မည့် ငြိမ်းချမ်းရေးစကားဝိုင်းကို အာဏာပိုင်များက ကျင်းပခွင့်မပြုဘဲ ပိတ်ပင်လိုက်ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ပင်လောင်းမြို့နယ် ၊ လုံးပျဉ်ကျေးရွာအုပ်စု၊ တောင်စလုံးကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် စက်တင်ဘာလ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပရန် ရှိနေသော ငြိမ်းချမ်းရေးစကားဝိုင်းကို အာဏာပိုင်များထံသို့ တင်ပြခြင်းမရှိဘဲ ကျင်းပပြုလုပ်မည် ဖြစ်၍ ပိတ်ပင်ကြောင်း၊ မလိုလားအပ်သော အုပ်ချုပ်ရေး လျော့နည်းမှု ဖြစ်စဉ်များ ဖြစ်ပွားနိုင်သဖြင့် ပိတ်ပင်ခြင်းဖြစ်ကြောင်း၊ ဟောပြောပွဲများကို ကျင်းပမည့် နေ့ရက်မတိုင်မီ ၁ ပတ် ကြိုတင် အကြောင်းကြားရမည်ဖြစ်ကြောင်း အာဏာပိုင်များက ထုတ်ပြန်သော ညွှန်ကြားစာတွင် ဖော်ပြထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com