All News Business

နာရီပိုင်းအတွင်း ရွှေဈေး ကျပ် ၄ သောင်းခန့် ထိုးကျ

နာရီပိုင်းအတွင်း ရွှေဈေး ကျပ် ၄ သောင်းခန့် ထိုးကျ

ရန်ကုန်၊ စက်တင်ဘာ ၆

ယနေ့မနက်က တစ်ကျပ်သား(အခေါက်) ၁၃ သိန်း ၁ သောင်း ၊ တစ်ကျပ်သား (၁၅ ပဲရည်) ၁၂ သိန်း ၃ သောင်း ကျော်ထိ ဈေးပေါက်ခဲ့ရာ မှ နေ့လည်အရောက်တွင် ကျပ် ၄ သောင်းခန့် ထိုးကျသွားခဲ့ကြောင်းသိရသည်။

ယနေ့နေ့လည် ၁၂ ခွဲ ရှိ ရွှေဈေးနှုန်းမှာ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၁၂ သိန်း ၆ သောင်း ၈ ထောင်ဖြစ်သည်။

အလားတူ ၁၅ ပဲရည် ရွှေဈေးမှာ ကျပ် ၁၁ သိန်း ၉ သောင်း ၇ ထောင် ဖြစ်သည်ဟု သိရသည်။

သို့သော်အချိန်နှင့်အလိုက်ပြောင်းလဲနိုင်သေးသည်။

အလားတူ ဒေါ်လာဈေးသည်လည်း ၁၅၅၀ မှ ၁၅၃၀ သို့ကျဆင်းသွားကြောင်းသိရသည်။

သို့သော် ထိုင်း ဘတ်ငွေဈေးမှာ မူ တက်နေပြီး မြန်မာကျပ်ငွေတစ်သိန်း ကို ထိုင်းဘတ်ငွေ ၁၉၇၀ သာရရှိတော့သည်။

သတင်းတမန်

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com