All News Local News

တပ်မတော်၏တရားစွဲဆိုမှုကို တောင်းပန်မည်မဟုတ်ဘဲ အမှု ရင်ဆိုင်မည်ဟု KBC ဥက္ကဋ္ဌဆို

တပ်မတော်၏တရားစွဲဆိုမှုကို တောင်းပန်မည်မဟုတ်ဘဲ အမှု ရင်ဆိုင်မည်ဟု KBC ဥက္ကဋ္ဌဆို

ရန်ကုန်၊ စက်တင်ဘာ ၂

မြန်မာနိုင်ငံတွင် ဘာသာရေးနှိပ်ကွပ်မှုများကို စစ်တပ်က ကျူးလွန်နေကြောင်း အမေရိကန်သမ္မတထရမ့်ထံ တင်ပြခဲ့သော စကားအတွက် စစ်တပ်အား တောင်းပန်ဝန်ခံခြင်းမျိုး မလုပ်ဆောင်ဘဲ အမှုကို ရင်ဆိုင်သွားမည်ဖြစ်ကြောင်း KBC ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ၊ ဥက္ကဋ္ဌ ဒေါက်တာဆလမ်ဆမ်ဆွန်က ပြောဆိုသည်။

“ အခုလောလောဆယ်တော့ ကျနော်တို့ ( PCG ) က ဦးခွန်ဂျာတို့က NRPC နဲ့ တွေ့တဲ့အခါ ပိုမိုပြေပြစ်သွားဖို့ အဲဒီလိုလုပ်ရင်ကောင်းမလား ၊ အကြံဉာဏ် ပေးတယ်။ အဲဒါလည်း သူတို့လာမှ အစည်းအဝေးဆုံးဖြတ်ပြီး မှ ထုတ်ပြန်ဖို့ ရှိတယ်။ကျွန်တော် တစ်ယောက်တည်း အမြင်ကတော့ တောင်းပန်တာမျိုး ၊ ဝန်ခံတမျိုး လုပ်ဖို့ အစီအစဉ်မရှိသေးဘူး။ အဲဒါပဲ ပြောချင်တယ် ။ အမှုကို ရင်ဆိုင်သွားမယ်” ဟု ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာ ဆလမ်ဆွမ်ဆန်က ပြောသည်။

လက်ရှိတွင် တပ်မတော်ဘက်မှ တာဝန်ရှိသူများက တပ်မတော်ကို တောင်းပန်၍ အသနားခံစာ ရေးသားပါက စွဲဆိုထားသည့် အမှုကို ပြန်ရုပ်သိမ်းပေးမည်ဟု ညှိနှိုှုင်းလာကြောင်း သတင်းများထွက်ပေါ်နေသည်။

အဆိုပါသတင်းနှင့် ပတ်သက်၍ အတည်ပြုရန် တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းအား ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းအဆက်အသွယ်မရရှိပေ။

ဇူလိုင်လ ၁၈ ရက်နေ့ ၊ သိက္ခာတော်ရ ဆရာတော် ဆလမ်ဆမ်ဆွန်သည် အမေရိကန် သမ္မတထရမ့် အား မြန်မာနိုင်ငံနေ ခရစ်ယာန်ဘာသာဝင်များသည် တပ်မတော်၏ဖိနှိပ်ချုပ်ချယ်မှု ခံနေရပြီး ဘာသာရေးလွတ်လပ်ခွင့်များဆုံးရှုံးနေရသည်ဟု ပြောဆိုသတိပေးခဲ့ခြင်းဖြစ်သည်။

ဒေါက်တာ ဆလမ်ဆမ်ဆွန်အပေါ် တပ်မတော်က အခြေအမြစ်မရှိ စွဲချက်တင်ထားသည့်အမှုကို ချက်ချင်းရုတ်သိမ်းပေးရန် နိုင်ငံတကာ ကချင်ကွန်ကရက်က သြဂုတ်လ ၃၀ ရက်နေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ဒေါက်တာဆလမ်ဆွမ်ဆန်အား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ၊ ဒုတိယဗိုလ်မှူးကြီး သန်းထိုက်က မြစ်ကြီးနားမြို့နယ်တရားရုံးတွင် တရားစွဲဆို အရေးယူပေးရန် သြဂုတ်လ ၂၆ ရက်နေ့က ဦးတိုက်လျှောက်ထားခဲ့ကြောင်း တရားရုံးထံမှ သိရသည်။

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com