All News Local News Peace

စစ်ဘက်ရေးရာ လုံခြုံရေးတပ်သား ဖိုးလုံးသတ်ခံရမှုဖြင့် စွဲချက်တင်ခံထားရသော ကိုရဲဇော်ကို တရားရုံးက တရားသေလွှတ်

စစ်ဘက်ရေးရာ လုံခြုံရေးတပ်သား ဖိုးလုံးသတ်ခံရမှုဖြင့် စွဲချက်တင်ခံထားရသော ကိုရဲဇော်ကို တရားရုံးက တရားသေလွှတ်

ရန်ကုန်၊ စက်တင်ဘာ ၂၃

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့က တပ်ဖွဲ့ဝင် (စရဖ) ဖိုးလုံးလုပ်ကြံခံရမှုဖြင့် ကိစ္စနှင့်ပတ်သက်ပြီး စွဲချက်တင်ခံထားရသော နီအောင်ကျော်(ခ)ရဲဇော်( ခ) ရဲကျော်သူကို ယနေ့ စက်တင်ဘာလ ၂၃ရက်က စစ်တွေခရိုင်တရားရုံးက တရားသေလွှတ်ပေးခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်ကဆိုသည်။

ထိုအမှုကိစ္စနှင့် ပတ်သက်ပြီး ခရိုင်တရားရုံးက တရားသေလွှတ်ပေးလိုက်သည့်အပေါ် သံသယတရားခံ၏ ရှေ့နေဖြစ်သူ ဒါ်အေးနုစိန် ကယခုကဲ့သို့ ရှင်းလင်းပြောဆိုသည်။

“ပထမသတင်းပေးတိုင်တာက သေသူ(ဖိုးလုံး)ရဲ့ဇနီးလေ။ အဲဒီတော့ ရုံးရှေ့မှာကျတော့ အဲနေ့မှာ သူ့မောင်လေးတစ်ယောက်ပါပါတယ်။ အခင်းဖြစ်တဲ့အချိန်မှာ သူ့မောင်လေးက သေနတ်ပစ်တဲ့သူနောက်ကို ပြေးလိုက်သွားတယ်ဆိုပြီးတော့ထွက်တယ်။ သူ့မောင်လေးကလည်း သူတို့နဲ့ အတူတူပါတယ်။ အဲဒီတော့ သေတနတ်ပစ်တဲ့သူနောက်ကို လိုက်တဲ့အခါမှာ တစ်မိနစ်လောက်လိုက်တယ်ပေါ့ ပေ ၅ဝလောက် လှည့်ကြည့်တဲ့အတွက် သူမှတ်မိတဲ့အတွက် ဒီရဲဇော်ကိုဖမ်းမိတဲ့အခါမှာ လူတန်းစီပြတဲ့အခါမှာသူဆွဲနိုင်တယ်ပေါ့လေ။ လူတန်းစီပြတဲ့အချိန်က ၄လကျော်သွားပြီ အဲအားနည်းချက်ရှိတယ်။ နောက်တစ်ချက်က ဖိုးလုံးက ဆိုင်ကယ်ကိုခွနေရာကနေ ဆိုင်ကယ်ယူဖို့ ခွထားတာကနေ သေနတ်တစ်ချက်တည်းပစ်ပြီးတော့ သေသွားတာကို သူတို့ရဲ့ရုံးရှေ့ထွက်ချက်မှာ ဆိုင်ကယ်နှစ်စီးနဲ့ လာတယ်လို့လည်းပြောတယ်။ ဒါပေမယ့် ဖိုးလုံးသေတဲ့ဆိုင်ကယ်ကိုယူပြီးတော့ ကလေးကလည်း နှစ်ယောက်ဖြစ်သွားတယ်။ ကလေးနှစ်ယောက်နဲ့ အတူတူအိမ်ပြန်တယ်ဆိုတာမျိုးကိုလည်း ထွက်လိုက်သေးတယ်။ ပြီးတော့ အဲဒီဆိုင်ကယ်လည်း အမှုတွဲမှာ ပါမလာဘူး။ ပစ္စတို ၉မမ ကျည်ဆံထွက် တယ်ဆိုတဲ့ သေနတ်ကလည်း သက်သေအဖြစ်ပါမလာဘူး။ ပြီးရင်တရားလိုအမေက ဆေးရုံးရောက်သွားတဲ့အခါမှာ ဆေးရုံအပြင်ဖက်မှာရှိတဲ့အခါမှာ ဒီရဲဇော်က လာပြီးတော့ ဖိုးလုံးရဲ့ မိန်းမလားလို့မေးတယ်။ ဆိုပြီးတော့ ထွက်ဆိုတာတွေရှိတယ်။ ဒီထွက်ချက်တွေကိုကြည့်လိုက်လို့ိဆိုရင် ရှေ့မှာ သူတို့တိုင်ပြီးပြီးခြင်း လူ၆ယောက်လောက်ကိုဖမ်းခဲ့တယ်။ သေချသေးတော့ပြန်လွှတ်လိုက်တယ်။ နောက်မှပဲ နောက်ထပ်လူတွေကို ထက်ဖမ်းတယ် ပြန်လွှတ်တယ်။ နောက်ဆုံးကျတော့ ရဲဇော်ကိုဖမ်းတယ်။ အဲဒီတော့ ကျန်တဲ့သူတွေကိုဖမ်းတဲ့အခါမှာ တခြားလူတစ်ယောက်ကို လူတန်းစီပြဖို့သုံးခဲ့တယ်။ အဲတုန်းက ဖိုလုံး ယောက်ဖ ကျော်သူစိုးကို အသုံးမပြုဘူး။ ဆိုတော့ဒီအားနည်းချက်တွေရှိတယ်လေ ဒီလောက်ကြီးလေးတဲ့အမှုနဲ့ စွတ်စွဲခံရတဲ့အခါမှာ လိုပြသက်သေတွေကိုစစ်လိုက်တော့ သူတို့က ဖိုးလုံးကို ဘာကြောင့် သတ်ပစ်ရမလဲဆိုတဲ့ အကြောင်းအချင်းအရာနဲ့ ပတ်သက်ပြီး မထွက်ဆိုနိုင်ဘူး။ ဖိုးလုံးကို သတ်ခဲ့တယ်ဆိုတဲ့ သက်သေထင်ရှားစွာမပြနိုင်ဘူး။ အဲဒီဖိုးလုံးယောက်ဖ ကျော်သူစိုးက မှတ်မိတယ်ဆိုမှ လေးလကျော်ကြာမှ လူဆွဲပြနိုင်တယ်ဆိုတဲ့အချက်နဲ့ သေသူရဲ့ ယောက္ခမက ဒီကလေးကလာပြောတယ်ဆိုတဲ့ အချက်ကိုထောက်ပြခြင်းအားဖြင့် အပြစ်ပေးနိုင်လောက်တဲ့အထိခိုင်လုံတဲ့ထွက်ချက်မဟုတ်ဘူး” ဟု ၎င်းကဆိုသည်။

ယင်းအမှုကိစ္စနှင့်ပတ်သက်ပြီး လူငယ်၃ ဦးဖြစ်သည့် အောင်ချေ၊ မေယုထွန်း၊ ခိုင်ဘိုဘို တို့ကိုလည်း ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၂)ဖြင့် စစ်တွေခရိုင်တရားရုံးက စွဲချက်တင်အမိန့်ချမှတ်သည့် ဇူလိုင်လ ၁၅ရက်တွင် အမှုဖြင့် သက်ဆိုင်မှုမရှိသည့် တရားရှင်လွှတ်ပေးခဲ့သေးကြောင်း သိရသည်။

တပ်ကြပ်ဝင်းထိုက်(ခေါ်) ဖိုးလုံးသည် ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့က စစ်တွေမြို့ ဝင်္ကဘာကွင်း ဈေးပွဲတော် ကျင်းပစဉ်တွင် ၎င်းဇနီးသည်နဲ့အတူ စစ်တွေ ဈေးပွဲတော်ကို ဆိုင်ကယ်နှင့်သွားစဉ်တွင် အနီးကပ်ပစ်ခတ်သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ပြီး ၎င်း၏ဇနီးဖြစ်သူ ဒေါ်မွှေးဇာနည်အောင်က တရားလိုပြုလုပ်ကာ စစ်တွေမြို့ အမှတ်(၂)ရဲစခန်းသို့ တိုင်ကြားခဲ့ပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

ကိုရဲဇော်ကို ၂ဝ၁၈ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့က ရခိုင်ပြည်နယ်နေ့ အခမ်းအနားကျင်းပရာ ရန်ကုန်တိုင်းရင်းသား ကျေးရွာတွင်ဖမ်းဆီးခဲ့ပြီ စစ်တွေမြို့သို့ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် စစ်ဆေးရန် လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

Photo Credit – Hla Htay Facebook

www.khitthitnews.com

Unicode Version

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com