Local News Peace political news

ငြိမ်းချမ်းရေး ပြန်စနိုင်ရေး အပစ်ရပ်လက်နက်ကိုင် ၁၀ ဖွဲ့ နှင့် အစိုးရ ကိုယ်စားလှယ်အဖွဲ့ ဆွေးနွေး

ငြိမ်းချမ်းရေး ပြန်စနိုင်ရေး အပစ်ရပ်လက်နက်ကိုင် ၁၀ ဖွဲ့ နှင့် အစိုးရ ကိုယ်စားလှယ်အဖွဲ့ ဆွေးနွေး

ရန်ကုန်၊ စက်တင်ဘာ ၁၀

ရပ်ဆိုင်းလျက်ရှိသော ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များပြန်လည် စတင်နိုင်ရေး အတွက် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ နှင့် အပစ်ရပ် လက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့တို့အကြား ဆွေးနွေးမှု ရန်ကုန်တွင် ယနေ့ စတင်ကြောင်း သိရှိရသည်။

ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC တွင် ငြိမ်းချမ်းရေး ဆွေးနွေးမှုစတင်ခြင်းဖြစ်ပြီး ဆွေးနွေးပွဲကို ယနေ့နှင့် စက်တင်ဘာလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် NCA-S EAO ညှိနှိုင်းရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်းမှ အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားပြီး အ စည်းအဝေးသို့ NCA-S EAO ညှိနှိုင်းရေးအဖွဲ့မှ ကိုယ်စား လှယ်ခေါင်းဆောင် (၁၅) ဦး တက်ရောက် ဆွေးနွေးကြောင်း သိရှိရသည်။

ဗိုလ်မှူးကြီး စိုင်းငင်းက လက်ရှိ ဆွေးနွေးပွဲမှ ငြိမ်းချမ်းရေးအတွက် ရလဒ်ကောင်းများရရှိမည်ဟု မျှော်လင့်ကြောင်း ပြောဆိုသည်။

“ဒီဆွေးနွေးပွဲဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အရေးပါတဲ့ အလှည့်အပြောင်း အချိုးအကွေ့ဖြစ်လို့ အားလုံးအတွက် လက်ခံနိုင်တဲ့ ၊ မျှမျှတတဖြစ်စေတဲ့ ၊ အဖြေဖြစ်စေတဲ့ ရလဒ်ကောင်းတွေရဖို့ ကျနော်တို့ ဆွေးနွေးဖော် ဆွေးနွေးဖက်တွေအနေနဲ့ ဝိုင်းဝန်းဆောင်ရွက်ဖို့ တာဝန်ရှိပါတယ်။ NCA-S EAO တွေဟာ NCA ပြင်ပကနေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေပြီလား ဆိုတာ လုံးဝမဟုတ်ပါဘူး။ NCA သဘောတူ စာချုပ်ပါ အချက်များကို ပြီးစီးအောင်မြင်သည်အထိ မပျက်မကွက် အတူတကွ ပူးတွဲ အကောင်အထည်ဖော်ဆောင်ရွက်သွားရန် အပြန်အလှန် သိန္နိဌာန်ပြုကြသည်လို့ NCA မှာ အတိအလင်း ဖော်ပြထားတဲ့အတိုင်းပဲ ကျနော်တို့ NCA-S EAO တွေက မယိုင်မလဲ ရပ်တည်နေပါကြောင်း” ဟု ဗိုလ်မှူးကြီးစိုင်းငင်းက ပြောဆိုသည်။

အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နှင့်လည်း လာမည့် စက်တင်ဘာလ ၁၆ ရက်နေ့၊ ၁၇ ရက်နေ့တွို့တွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်တွင် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com