All News Local News Peace

ကွတ်ခိုင်တွင် TNLA တပ်စခန်းကို တပ်မတော်ထိုးစစ်ဆင်၊ ရခိုင်တွင် တပ်မတော် ယာယီစခန်းတစ်ခုကို AA က သိမ်းပိုက်

ကွတ်ခိုင်တွင် TNLA တပ်စခန်းကို တပ်မတော်ထိုးစစ်ဆင်၊ ရခိုင်တွင် တပ်မတော် ယာယီစခန်းတစ်ခုကို AA က သိမ်းပိုက်

ရန်ကုန်၊ စက်တင်ဘာ ၂၄

ရှမ်းပြည်နယ် မြောက်ပိုင်း ၊ ကွက်ခိုင်မြို့နယ် ၊ ကုန်းဆာကျေးရွာအနီး ရှိ TNLA စခန်းကို ယနေ့ နံနက် ၅ နာရီခွဲက တပ်မတော်က ထိုးစစ်ဆင်လာကြောင်း TNLA ပြောခွင့်ရသူ မိုင်အိုက်ကျော်က ပြောသည်။

“ ဒီနေ့ မနက် ၅ နာရီခွဲ လောက် ကွက်ခိုင်မြို့ ၊ ကုန်ဆာရွာအနားမှ ကျနော်တို့တပ်မ ၅ နဲ့ တပ်ရင်း ၂၂၃ တပ်စွဲထားတဲ့ တောင်ကုန်းပေါ်မှာ မြန်မာ စစ်တပ်ဘက်က ၄၅ ၊ ၂၄၂ ၊ ၆၉ ပူးပေါင်း တပ်ကြောင်း က စစ်ကြောင်း ၃ ကြောင်းနဲ့ တက်လာပြီး ကျနော်တို့ဘက်ကို လာရောက်တိုက်ခိုက်တော့ တိုက်ပွဲက စဖြစ်တယ်။ အခုအချိန်အထိတော့ တိုက်ပွဲက ဖြစ်နေတုန်းပဲ။ ကွက်ခိုင်တပ်ဘက်ကလည်း လက်နက်ကြီး ပစ်ကူတွေနဲ့ တောက်လျောက်ပစ်နေတယ်။ တိုက်ပွဲအခြေအနေကြောင့် ထိခိုက်မှု တော့ ကျနော်တို့ မသိရသေးဘူး။ တိုက်ပွဲက ဖြစ်နေတုန်းပဲ “ ဟု TNLA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောသည်။

လက်ရှိအချိန်အထိ နှစ်ဖက်တိုက်ပွဲအခြေအနေကြောင့် ကုန်းဆာကျေးရွာရှိ ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်နေရပြီး ၊ ရွာသားအချို့ ပိတ်မိနေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာန သို့ပြောဆိုသည်။

“ ပြန်ငြိမ်သွားပြီ ။ ၁၀ နာရီကျော်လောက်က လက်နက်ကြီး ပစ်တာ ကြားရတယ်။ အချက် ၉ ချက်လောက်လောက်ရှိတယ်။ ဒီမနက် ကုန်းဆာကျေးရွာက ရွာသားတွေ ပိတ်မိတယ်လို့ ကြားရတယ်။ လောလောဆယ်တော့ ပြန်ငြိမ်နေတယ်။ ရွာသားတွေ ပြေးလာတာတော့ မကြားရသေးဘူး ။ လက်နက်သေးအသံတော့ ကျနော်တို့နဲ့ အလှမ်းဝေးတော့ မကြားရဘူး။ လက်နက်ကြီး အသံတော့ ဒီကနေအထိ ကြားရတယ်။ တပ်က မြို့ထဲမှာ ၊ တပ်ကနေ ရွာဘက်ကို လှမ်းပစ်တာ ထင်တယ်။ တစ်မြို့လုံး ကြားရတယ် “ ဟု ကွက်ခိုင်ဒေသခံတစ်ဦးက ပြောသည်။

တပ်မတော်က ထိုးစစ်ဆင် နေသည်ဆိုသော တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ ရန်ကုန်ခေတ်သစ်မီဒီယာက အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းထွဋ်လေးအား ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပေ။

ရခိုင်ပြည်နယ်တွင်မူ မြေပုံမြို့နယ် တောင်ကြီးရွာအနီး အမြောက်တပ်ရင်း (၃၇၃)၏ ယာယီလက်နက်ကြီးစခန်းကို စက်တင်ဘာ ၂၂ ရက်နေ့ ညနေပိုင်းတွင် AAက သိမ်းပိုက်နိုင်ခဲ့ကြောင်း စက်တင်ဘာလ ၂၃ ရက်နေ့ နေ့စွဲဖြင့် ရခိုင်တပ်မတော်AAက ကြေညာချက်ထုတ်ပြန်သည်။

တိုက်ပွဲတွင် ရုပ်အလောင်း ၁ဝ လောင်း၊ စစ်အသုံးအဆောင်ပစ္စည်းများ လက်နက်ခဲယမ်းများ ထည့်ထားသည့် ခြင်းတောင်း ၁၈ လုံးကို သိမ်းဆည်းရမိေကြောင်း AA အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရန်ကုန်ခေတ်သစ်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဆက်သွယ်၍ AA ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမပြုပေ။

AA၊ TNLA ၊ MNDAA တို့ ပါဝင်သော မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၃ ဖွဲ့သည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ လကုန်အထိ တစ်ဖက်သတ် အပစ်အခတ် ရပ်စဲသည်ဟု ကြေညာထားသော်လည်း တပ်မတော်ကမူ စက်တင်ဘာလ ၂၁ ရက်နေ့က ကုန်ဆုံးခဲ့သည့် အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ထပ်မံ သက်တမ်းတိုးခြင်းမပြုခဲ့ပေ။

Photo Credit – AA

www.khitthitnews.com

Unicode Version

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com