All News Local News Peace

ကွတ်ခိုင်တွင် တပ်မတော်က စစ်ရဟတ်ယာဉ်ဖြင့် နာရီဝက်ကြာ ပစ်ခတ်၊ လူထိခိုက်မှု မရှိ

ကွတ်ခိုင်တွင် တပ်မတော်က စစ်ရဟတ်ယာဉ်ဖြင့် နာရီဝက်ကြာ ပစ်ခတ်၊ လူထိခိုက်မှု မရှိ

ရန်ကုန်၊ စက်တင်ဘာ ၃

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း စက်တင်ဘာလ ၂ရက် ညနေ ၅နာရီ ၁၅မိနစ်ခန့်တွင် တပ်မတော်က စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း အမည်မဖော်လိုသည့် ကွတ်ခိုင်မြို့နယ် ဒေသခံတစ်ဦးကဆိုသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်ကြောင့် ဟွေခုတ်ကျေးရွာအတွင်းရှိ လူနေအိမ်တစ်လုံး ထိမှန်ခဲ့ပြီး ယင်းပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူမရှိကြောင်း အဆိုပါနေရာသို့ ရောက်ရှိခဲ့သည့် ပရဟိတအဖွဲ့များ၏ ပြောကြားချက်အရသိရသည်ဟု ဒေသခံကဆိုသည်။

‘လေယာဉ်နဲ့ ပစ်သွားတာတော့ မိနစ် ၃ဝလောက်ကြာတယ်။ ပြီးတော့ နောက်က နယ်မြေလိုက်ရှင်းတော့ တိုက်ပွဲဖြစ်ပွားတာ ၄၅ မိနစ်လောက်ရှိမယ်။ အခုတော့ ဘာပစ်ခတ်သံမှ မကြားရတော့ပါဘူး။ လက်ရှိ တိုက်ပွဲဖြစ်သွားတဲ့ ရွာကလူတွေကို ကွတ်ခိုင်မြို့နယ် မဟာစည်ဘုန်းတော်ကြီးကျောင်းကို ပို့ဆောင်ထားတယ်။ လူဦးရေ ၁ဝဝ လောက်ရှိတယ်။ ဘယ်အဖွဲ့နဲ့ ဘယ်အဖွဲ့ ပစ်တယ်ဆိုတာတော့ ကျွန်တော်မသိဘူး’ ဟု ၎င်းကဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ နှင့် TNLA ဖက်သို့ ဆက်သွယ်မေးမြန်ခဲ့သော်လည်း ဖုန်းပြန်လည်ဖြေဆိုခြင်းမရှိပေ။

တပ်မတော် နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့ကြားဖြစ်ပွားလျက်ရှိသော တိုက်ပွဲများ ကိစ္စနှင့် ပတ်သက်ပြီး အစိုးရနှင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့တို့ သြဂုတ်လ ၃၁ရက်က ကျိုင်းတုံမြို့နယ်တွင် ဆွေးနွေးပွဲတစ်ရပ်ပြုလုပ်ခဲ့သော်လည်း လက်ရှိအချိန်အထိ တစ်စုံတစ်ရာ ထူးခြားမှုမရှိဘဲ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိနေသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts