All News Local News Peace

ကွတ်ခိုင်တိုက်ပွဲများတွင် တပ်မတော်ဘက်မှ ယာယီတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အောင်ပြည့်ဟိန်း အပါဝင် စစ်သည်တချို့ ကျဆုံး

ကွတ်ခိုင်တိုက်ပွဲများတွင် တပ်မတော်ဘက်မှ ယာယီတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အောင်ပြည့်ဟိန်း အပါဝင် စစ်သည်တချို့ ကျဆုံး

ရန်ကုန်၊ စက်တင်ဘာ ၂၇

ရှမ်းပြည်နယ်၊ မြောက်ပိုင်း ၊ ကွတ်ခိုင်မြို့နယ်တွင် တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ အဖွဲ့ဝင် ဖြစ်သည့် TNLA တို့ တိုက်ပွဲများ ဖြစ်ပွားစဉ် တပ်မတော်ဘက်မှ ယာယီ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အောင်ပြည့်ဟိန်း အပါအဝင် စစ်သည်တချို့ ကျဆုံးမှု ရှိခဲ့ကြောင်း သတင်းရရှိသည်။

ကွတ်ခိုင်မြို့နယ် မဲဆန္ဒနယ် ၁ မှ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်မွန်းက တပ်မတော်ဘက်မှ ဒုတိယဗိုလ်မှူးကြီး တစ်ဦး ကျဆုံးသည့် သတင်းကို မှန်ကန်ပြီး စက်တင်ဘာလ ၂၄ ရက်နေ့ တိုက်ပွဲ ဖြစ်ပွားစဉ် ကျဆုံးသည်ဟု သိရှိရကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“ကျနော်သိတာက တပ်ရင်း ၈၈ က ။ ရှေ့တန်းထွက်တဲ့ တပ်ပေါ့။ သတင်းက အမှန်ပါပဲ” ဟု ဦးအိုက်မွန်းက ပြောဆိုသည်။

ကွတ်ခိုင်မြို့နယ် အခြေစိုက် လူမှုကယ်ဆယ်ရေးအဖွဲ့များကလည်း တပ်မတော်ဘက်မှ ဒုတိယဗိုလ်မှူးကြီး အောင်ပြည့်ဟိန်း ကျဆုံးသည်ဆိုသော သတင်းကို ကြားသိထားပြီး တပ်တွင်း သတင်းရပ်ကွက်များမှ သိရှိရသော အချက်များအရ တပ်မ ၈၈ မှ အရာရှိကြီးတစ်ဦးဖြစ်သည်ဟု သိရှိရကြောင်း၊ စက်တင်ဘာလ ၂၄ ရက်နေ့ တိုက်ပွဲများတွင် ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု သိရှိရကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဒုတိယဗိုလ်မှူးကြီး အောင်ပြည့်ဟိန်းသည် စစ်တက္ကသိုလ် အပတ်စဉ် ၄၅ ကျောင်းဆင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၃၈ နှစ်ဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးဝင်းထွဋ်လေးကို ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပေ။

ရန်ကုန်ခေတ်သစ်၏ စုံစမ်းချက်များအရ နှစ်ဖက်တိုက်ပွဲများတွင် TNLA ဘက်မှလည်း ထိခိုက်ဒဏ်ရာနှင့်အကျအဆုံးများရှိ နေကြောင်း စုံစမ်းသိရှိရသည်။

Photo Credit – တပ်မတော်မိသားစုအသိုင်းအဝိုင်း

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com