All News Local News

ကရင်နီလူငယ် ၆ဦး ကို ၁ဝကြိမ်မြောက် ရုံးထုတ်စစ်ဆေး

ကရင်နီလူငယ် ၆ဦး ကို ၁ဝကြိမ်မြောက် ရုံးထုတ်စစ်ဆေး

ရန်ကုန်၊ စက်တင်ဘာ ၄

ကယားပြည်နယ် အစိုးရက တရားစွဲဆိုထားသော ကရင်နီလူငယ် ၆ဦးကို ယနေ့ စက်တင်ဘာလ ၄ရက်နေ့တွင် လွိုင်ကော်မြို့၌ ရုံးထုတ်ခဲ့ပြီး လာမည့်ရုံးချိန်းတွင် အမှုစတင်စစ်ဆေးရန် ရုံးချိန်း ပြန်လည်ချိန်းဆိုခဲ့ကြောင်း ကရင်နီပြည်လူငယ်များသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မမှုအန်းဂျေလာက ပြောဆိုသည်။

အဆိုပါရုံးချိန်းနှင့် ပတ်သက်ပြီး လာမည့် စက်တင်ဘာလ ၁ဝရက်နေ့သို့ ချိန်းထားပြီး ယင်းရုံးချိန်းတွင် စွပ်စွဲခံထားရသော လူငယ်၆ဦးတည်းက ကိုခွန်သောမတ် နှင့် ဂူးဂူးကို ပြန်လည်စစ်ဆေးမည်ဖြစ်ကြောင်းသိရသည်။

‘ကျွန်မတို့ ကြေညာချက်မှာပြောထားတာလည်းရှိတယ်ပေါ့။ ဒီလိုလုပ်ဆောင်နေတာက ကျွန်မတို့သွားနေတဲ့ ဒီမိုကရေစီ အသွင်းကူးပြောင်းရေး လမ်းကြောင်းပဲဖြစ်ဖြစ် ကျွန်မတို့တည်ဆောက်မယ့် ဖက်ဒရယ် ပြည်ထောင်စုပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့် မြတ်ရေးလုပ်ငန်းစဉ် အတွက်လည်း အများကြီး အဟန့်အတားဖြစ်စေတယ်ပေါ့။ အဟန့်အတားဖြစ်စေတဲ့အတွက် ဒီလိုလုပ်ရပ်ကို ကျွန်မတို့က ဆက်ပြီးတော့ ကန့်ကွက်သွားမယ်။ ဆက်ပြီးတော့မှ ဖိနှိပ်ခံဖက်က ကျွန်မတို့ ဆက်ပြီးတော့ ကာကွယ်ရပ်တည်သွားမယ်ဆိုတာတော့ ကျွန်မတို့သဘောထားထုတ်ပြန်ထားတယ်ပေါ့။ ဥပဒေကတော့ တကယ်တမ်း နိုင်လွတ်လုံ ပုဒ်မ ၁ဝကတော့ နိုင်ငံသားတွေကို ကာကွယ်ပေးတဲ့ ဥပဒေဖြစ်တယ်ပေါ့။ နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံရေးနဲ့ ကာကွယ်ရေးကို အဓိက ကာကွယ်ပေးတဲ့ ဥပဒေဖြစ်တယ်။ ဒါပေမယ့် အခုက အစိုးရက တရားလိုပြန်လုပ်ပြီးတော့မှ တရားပြန်စွဲတာဖြစ်တယ်ပေါ့။ ဆိုတော့ ကျွန်မတို့အနေနဲ့ ကဒါက အနိုင်ရသွားတဲ့သူက ဥပဒေအသုံးချပြီးတော့မှ ကျွန်မတို့ လူငယ်ထုတွေကို မတရားဖိနှိပ်တယ်လို့ပဲ ကျွန်မတို့ဒီလိုပဲ သုံးသပ်ပါတယ်’ ဟု မမှုအန်းဂျေလာကဆိုသည်။

ကရင်နီပြည်အတွင်း ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု စိုက်ထူးခြင်းကိစ္စနှင့် ပတ်သက်ပြီး ဦးအယ်လ်ဖာင်းရှိုနှင့် စီမံဘဏ္ဍာဝန်ကြီး ဦးမော်မော်တို့ကို နိုင်ငံရေးရာဇဝတ်ကောင်များ၊ ကရင်နီအမျိုးသားသစ္စာဖောက်မျာ၊း တိုင်းရင်းသားများသွေးစည်း ချစ်ကြည်ရေး၏ ရန်သူများ ကျေးဇူးကန်းသူများအဖြစ်သတ်မှတ်ကြေညာခြင်းကြောင့် နိုင်လွတ်လုံ ပုဒ်မ ၁ဝဖြင့် ကရင်နီလူငယ် လူငယ် ၆ဦးကို တရားစွဲဆိုခဲ့ဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts