All News Local News Peace

ကချင်လူငယ် ၂ ဦး ထောင်ဒဏ်ချမှတ်မှုအပေါ် ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က ငြိမ်းစုစီ ပုဒ်မ ၂၀ ဖြင့် တရားစွဲဆိုပြန်

ကချင်လူငယ် ၂ ဦး ထောင်ဒဏ်ချမှတ်မှုအပေါ် ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က ငြိမ်းစုစီ ပုဒ်မ ၂၀ ဖြင့် တရားစွဲဆိုပြန်

ရန်ကုန်၊ စက်တင်ဘာ ၇

ကချင်လူငယ် ၂ ဦးကို ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် ထောင်ဒဏ်ချမှတ်လိုက်ခြင်းအပေါ် ကျေနပ်မှု မရှိသည့်အတွက် ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်သူ နှစ်ဦးဖြစ်သော အင်ခွမ်လနူး နှင့် ဒေါ်မလန်ခါးမိုင်တို့ကို တင်ပြထားခြင်းမရှိသော အပိုစာသားကိုင်ဆောင်မှု ငြိမ်းစုစီ ဥပဒေပုဒ်မ ၂၀ ဖြင့် ရဲတပ်ဖွဲ့က တရားစွဲဆိုလိုက်ကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၅ ရက်နေ့ ဆန္ဒထုတ်ဖော်ပွဲတွင် ကချင်လူငယ်များက War is not Answer / I hate War ၊ ပြည်သူသည် စစ်၏ ဓားစာခံ မဟုတ် ၊ IDPs ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်ကြသည် ဟူသော ဗီနိုင်းစာတန်းများ ကိုင်ဆောင်သည့်အတွက် ဦးဆောင်သူ နှစ်ဦးအား ပုဒ်မ ၂၀ ဖြင့် ထပ်မံတရားစွဲဆိုခြင်းဖြစ်သည်။

ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့တွင် ကချင်လူငယ်နှစ်ဦး ထောင်ဒဏ်ချခံရမှုအပေါ် စက်တင်ဘာ ၅ ရက်နေ့က လူအင်အား ၃၀၀ ကျော်ခန့် ဆန္ဒပြရာတွင် သတ်မှတ်ထားသည့် ငြိမ်းစုစီ ဥပဒေစည်းကမ်းချက်များကို ဖောက်ဖျြက်ခင်းကြောင့် ငြိမ်းစုစီ ပုဒ်မ ၂၀ ဖြင့် တရားစွဲဆိုခံရသည့်အပေါ် ဆက်လက်တရားရင်ဆိုင်သွားမည်ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူ အင်ခွမ်လနူးက ပြောသည်။

“ အပိုစာသားကိုင်ဆောင်တယ် ၊ ပုဒ်မ ၂၀ နဲ့ ငြိတယ်ဆိုပြီး ကျနော်တို့ကို အမှုဖွင့်ထားတယ်။ War is not Answer / I hate War ၊ ပြည်သူသည် စစ်၏ ဓားစာခံ မဟုတ် ၊ IDPs ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်ကြသည် စသော စာသား ၊ သူတို့ ပါတာက စုစုပေါင်း ၇ ချက်ရှိတယ်။ ဒီစာသားတွေက ကျနော်တို့ဖြစ်ပျက်နေတာကိုး ဖော်ပြနေတဲ့အတွက် ဒီတရားစွဲဆိုမှုကို ဆက်လက်ရင်ဆိုင်သွားမယ်။ IDPs တွေ ဖြစ်ပေါ်နေတဲ့ အကြောင်းတွေကို ကျနော်တို့က ရေးခဲ့တာပါ။ ဒါက ကျနော်တို့က စီစဉ်တာလည်း မဟုတ်ဘူး။ IDPs လူထုက သူတို့ကိုယ်တိုင် သူတို့ခံစားချက်ကို ရေးခဲ့တာပါ။ ဒါက တစ်စုံတစ်ရာကို ပုတ်ခတ်တာလည်း မဟုတ် ၊ ငြိမ်းချမ်းရေးကို မလိုလားချင်တာလည်း မဟုတ်ဘူး။ တစ်စုံတစ်ရာကို စော်ကားတာလည်း မဟုတ်ဘူး။ ကျနော်တို့က စည်းကမ်းဘောင်နဲ့ လုပ်ဆောင်တာပါ ။ ဒီဟာကို တရားစွဲဆိုတော့ ရှေ့ဆက် ရဲဝဲ့စွာ လုပ်ဆောင်ရမှာပဲ။ ဒီမနက် ၁၀ လောက် ရဲတပ်ဖွဲ့က ဒီနေ့က လူများတယ်။ ကျနော်တို့ ငြိမ်းစုစီတင်ထားတုန်းက ၂၀၀ ခန့်တင်ထားတယ်လေ ။ ဒါပေမဲ့ ဒီနေ့က ၃၀၀ ကျော်နေ ပြီ။ လျှောက်ထားတဲ့ လူစာရင်းထက် များနေတော့ လူတချို့ ပြန်လွှတ်လိုက်ဖို့ လာပြောတယ်။ ဒါပေမဲ့ IDPs တွေက သူတို့ဘာသာ ကျနော်တို့နဲ့ လာပူးပေါင်းတော့ ပြန်ခိုင်းလို့မရဘူးလို့ ပြောလိုက်တယ် “ ဟု ဆန္ဒပြပွဲ ဦးဆောင်သူ အင်ခွမ်လနူးက ပြောသည်။

စက်တင်ဘာ ၆ ရက်နေ့ ကချင်လူငယ်များ ဆန္ဒထုတ်ဖော်ရာတွင် သတ်မှတ်ထားသည့် လူအင်အားထက် များလာသည့်အတွက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့က လာရောက်တားမြစ်ခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

စက်တင်ဘာ ၆ ရက်နေ့ ဆန္ဒပြပွဲ့ို မြစ်ကြီးနားမြို့ ဗိုလ်ချုပ်ပန်းခြံရှေ့ ၊ မြစ်ကြီးနား မြို့မဈေး ( ၁ ) ၊ နဲ့ ( ၂) ၊ မိုးလုံလေလုံ ပြည်သူ့အားကစားကွင်း ၊ MTP ရုံးထောင့် မြစ်ကြီးနား တရားရုံးနား အနီးတစ်ဝိုက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး စက်တင်ဘာ ၅ ၊ ၆ ၊ ၉ ရက် တို့တွင် ၃ ရက်တာ ဆန္ဒထုတ်ဖော်ခြင်း ဖြစ်သည်။

ငြိမ်းစုစီ ဥပဒေ ၏ ပုဒ်မ ၄ တွင် ဆန္ဒထုတ်ဖော်ရန် ခွင့်ပြုချက်တောင်းခံပါက လျှောက်လွှာထဲတွင် ဟောပြောလိုသည့်အကြောင်းအရာ ၊ ကြွေးကြော်သံများ ၊ အချိန်အပိုင်းအခြား ၊ ဟောပြောမည့်သူများ၏ ကိုယ်ရေးအချက်အလက် နှင့် ခွင့်ပြုမိန့်ပါ စည်းကမ်းများကို လိုက်နာရမည်ဖြစ်ကြောင်း ခံဝန်ချက်ရေးရမည်ဟု ပြဋ္ဌာန်းထားကြောင်း၊ ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၂၀ သည် အပြစ်ကျုးလွန်ကြောင်း ထင်ရှားပါက ၆ လ ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ၊ ကျပ်တစ်သောင်းထက် မပိုသော ငွေဒဏ်ဖြစ်စေ ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- စက်တင်ဘာလ ၆ ရက်နေ့ ဆန္ဒပြပွဲကို လာရောက်တားဆီးနေသည့် ရဲတပ်ဖွဲ့ဝင်များ။

Photo Credit – Kachin Youth Movement

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com