All News Local News Peace

DSTA ကျောင်း ပစ်ခတ်ခံရ၊ ကျောင်းအုပ်ကြီး၏ ကိုယ်ရေးအရာရှိနှင့် ဇနီး ဒဏ်ရာရ၊ တစ်ဦးသေဆုံး

ရန်ကုန်၊ သြဂုတ် ၁၅

မန္တလေးတိုင်း ပြင်ဦးလွင်ရှိ တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းကို ယနေ့ နံနက် ၅ နာရီခွဲက ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူ ၁ ဦးပွဲချင်းပြီး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိပြီး ဆေးကုသမှု ခံယူနေရကြောင်း သိရှိရသည်။

ပြင်ဦးလွင်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းကမူ ပစ်ခတ်မှုသည် နှစ်နေရာတွင်ဖြစ်ပွားခဲ့ပြီး တပ်မတော်နည်းပညာတက္ကသိုလ်အဆောင်၊ စားဖိုဆောင် စစ်ရေးလေ့ကျင့်သည့်နေရာဟု သိရှိထားကြောင်း ပြောဆိုသည်။

“အခုပဲ အဲဒီနေရာကိုသွားမလို့ပါ။ သူတို့ စားဖိုဆောင်ဘက်မှာတော့ အဲဒီမှာ အိပ်နေရင်းနဲ့ တပ်သား တစ်ယောက် ပွဲချင်းပြီး ဆုံးသွားတယ်။ ကျောင်းအုပ်ကြီးအဆောင်ဘက်ကို ပစ်တဲ့ဟာကတော့ PSO အဲဒီမှာ ဒဏ်ရာရပြီးတော့ စစ်ဆေးရုံတင်ထားတယ်လို့ သိရတယ်။ ဒါလည်း ကျနော်တောင် အခု သွားမလို့ ” ဟု ဦးအောင်မင်းက ဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာန၏ စုံစမ်းချက်များအရ DSTA ကျောင်းအုပ်ကြီး၏ ဇနီးဖြစ်သူလည်း ဒဏ်ရာရရှိသွားကြောင်း သိရှိရသည်။

နံနက်စောစော လာရောက်ပစ်ခတ်ပြီး ထွက်ပြေးသွားပုံရရှိပြီး ဒေသခံများ၏ အဆိုအရ TNLA ပူးပေါင်း တပ်ဖွဲ့ ဟု သိရှိသည်။

ရန်ကုန်ခေတ်သစ်က တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့နှင့် TNLA ကို ကြိုးပမ်းဆက်သွယ်လျက်ရှိသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts