All News Local News

ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာပေါ် တောင်ပြိုကျပြီး အိမ်များပိ၍ လူ ၅ ဦးသေဆုံးဟု ကနဦး သတင်းရရှိ

ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာပေါ် တောင်ပြိုကျပြီး အိမ်များပိ၍ လူ ၅ ဦးသေဆုံးဟု ကနဦး သတင်းရရှိ

ရန်ကုန်၊ သြဂုတ် ၉

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာပေါ်သို့ ယနေ့ နံနက် ၈ နာရီကျော်ခန့်က တောင်ပြိုကျပြီး အိမ်အများအပြား ပိနေကာ လူ ၅ ဦးသေဆုံးသွားကြောင်း၊ စက်ယန္တရားများဖြင့် နေအိမ်အတွင်းရှိ ပိနေသော လူများကို ကယ်ဆယ်ရေး လုပ်ဆောင်နေရကြောင်း မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောကြားသည်။

“အခုမနက်တင်မှ ဖြစ်သွားတာ။ တောင်ပြိုကျတာ မြေကြီးက ရှစ်ပေလောက်ဖုံးသွားတယ်။ အိမ်တွေပေါ်ကို အခု အဲဒါ စက်ယန္တရားတွေနဲ့ ကယ်ထုတ်နေတယ်” ဟု ဒေါ်ခိုင်ခိုင်လဲ့ကပြောကြားသည်။

ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်းကလည်း တောင်ပြိုမှုကြောင့် နေအိမ်အများအပြား မြေကြီးပိနေသည်ကို အတည်ပြုပြီး အသေအပျောက်ရှိနိုင်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“အဲဒီဘက်မှာ လမ်းခင်းဖို့ တောင်တွေကို ဖြိုပြီး မြေကြီးရောင်းစားကြတာ။ ကျမတို့ တားမြစ်ပေမယ့်လည်း မရဘူး။ တောင်တွေက ထိန်းအားမရှိတော့ ထပ်တောင် ပြိုမယ့် အခြေအနေရှိပါတယ်။ တော်တော်လေးတော့ အခြေအနေဆိုးတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်းက ပြောဆိုသည်။

မွန်ပြည်နယ်တွင် လက်ရှိအချိန်အထိ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မော်လမြိုင်၊ မုတ္တမ၊ ကျိုက်မရော၊ မုဒုံ မြို့နယ်အများစု ရေဘေးသင့်နေကြောင်း စုံစမ်းသိရှိရသည်။

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com