All News Local News

အာဏာရှင်ကို ရှစ်လေးလုံးစိတ်ဖြင့် တွန်းလှန်ချီတက်ရန် ကိုမင်းနိုင်တိုက်တွန်း

အာဏာရှင်ကို ရှစ်လေးလုံးစိတ်ဖြင့် တွန်းလှန်ချီတက်ရန် ကိုမင်းနိုင်တိုက်တွန်း

ရန်ကုန်၊ သြဂုတ် ၈

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် တပ်မတော်ကို နိုင်ငံရေးမှ အကြွင်းမဲ့ ဖယ်ရှားရမည်ဖြစ်ကြောင်း ၃၁ နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံ အခမ်းအနားတွင် တောင်းဆိုလိုက်သည်။

ပြည်သူလူထု ညီညွတ်မည်ဆိုလျှင် အာဏာရှင်အင်အား မည်မျှပင်ကြီးမားသည်ဖြစ်စေ ရောက်အောင်ချီတက် နိုင်ခဲ့သည်ဆိုသည်မှာ ရှစ်လေးလုံးစိတ်ဖြစ်ကြောင်း၊ ရှစ်လေးလုံးအောင်စိတ်ဖြင့် ဆက်လက် ချီတက်ကျရန် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောဆိုသည်။

“ရှစ်လေးလုံးက ဘယ်လောက်ပင် အကျအဆုံးများခဲ့လည်း ကျွန်တော်တို့တွေရဲ့အောင်ပွဲလို့တော့မှတ်ပါ။ ကျွန်တော်တို့ လူထု တကယ်ညီရင် ဘယ်လောက်အားကြီးတဲ့ အာဏာရှင်ဖြစ်ပါစေ။ ဘယ်လောက်ပင် ငြင်းဆန်ပါစေ။ ကျွန်တော်တို့ရောက်အောင် တက်နိုင်ခဲ့တဲ့ ရောက်အောင်ချီနိုင်ခဲ့တယ်ဆိုတာကို ပြတာက ရှစ်လေးလုံးစိတ်ပါ။ ရှစ်လေးလုံးဟာ တကယ် အောင်စိတ်ပါ။ အဲဒီအောင်စိတ်နဲ့ ဆက်ပြီးတော့ ချီကြပါစို့လို့ တိုက်တွန်းပါတယ်” ဟု ကိုမင်းကိုနိုင်ကဆိုသည်။

ပြည်သူများအနေဖြင့် ဆက်လျောက်ရမည့် ခရီးသည် မည်သို့ပင် ခြိမ်းခြောက်မှုမျိုးရှိပါစေ၊ မည်သို့သော် အခက်အခဲများရှိပါစေ၊ မိမိတို့၏ အတွေ့အကြုံသည် နှစ်ပေါင်းများစွာ ကျွန်မခံဘူးဆိုသည့် စိတ်နှင့် ရုန်းကန်ခဲ့ရသော ဝိဉာည်များသည် ပြောင်းလဲမည်မဟုတ်ကြောင်း၊ ကုန်ရှုံးသွားမည် မဟုတ်ကြောင်း၊ ထို့ပြင် ရှစ်လေးလုံးဆိုသည့် သမိုင်းသည် ကမ္ဘာကြီးက အသိအမှတ်ပြုသော အချိုးအကွေ့ကြီးဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

ယနေ့ ကျရောက်သော ရှစ်လေးလုံး အရေးတော်ပုံ ၃၁နှစ်ပြည့်ကြေညာချက်တွင် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး၏ ရည်မှန်းချက် အနှစ်သာရဖြစ်သော ဒီမိုကရေစီ စနစ်ရှင်သန်ရေးနှင့် မျက်မှောက်ကာလ၏ နိုင်ငံရေးလိုအပ်ချက်ဖြစ်သော ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးအတွက် ၂ဝဝ၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ နိုင်ငံရေးတွင် တပ်မတော်၏ပါဝင်နေမှုအား အကြွင်းမဲ့ဖယ်ရှားရန် လိုအပ်သည်ဟု အကြောင်းအရာပါဝင်သော ထုတ်ပြန်ချက် တစ်စောင်ထုတ်ပြန်ခဲ့သည်။

Photo Credit – ပြည်သူ့ပါတီ

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com