interview Web TV
“သူ(အမေရိကန်သမ္မတ ထရမ့်) နားလည်တယ်။ ကျနော်တို့ဘက်ကလည်း ဘယ်လိုဘယ်ပုံဆိုတာ တိတိကျကျ ပြောဖို့တော့ လိုတာပေါ့” (ရုပ်/သံ)
“သူ(အမေရိကန်သမ္မတ ထရမ့်) နားလည်တယ်။ ကျနော်တို့ဘက်ကလည်း ဘယ်လိုဘယ်ပုံဆိုတာ တိတိကျကျ ပြောဖို့တော့ လိုတာပေါ့” (ရုပ်/သံ)
အမေရိကန်သမ္မတထရမ့်နှင့်တွေ့ဆုံခဲ့သူ ဒေါက်တာဆလမ်ဆမ်ဆွန်နှင့်အင်တာဗျူး
By နန့်အိသူ/ရန်ကုန်ခေတ်သစ်
ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ် – ဥက္ကဋ္ဌ ၊ သိက္ခာတော်ရ ဆရာတော် ၊ဒေါက်တာ ဆလမ်ဆမ်ဆွန် နှင့် ဆက်သွယ်မေးမြန်းချက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် နိုင်ငံတကာမှ ဖိနှိပ်ခံရေသူများအရေး လှုပ်ရှားနေသူများနှင့် ဇူလိုင်လ ၁၈ ရက်နေ့က ဝါရှင်တန်ဒီစီရှိ ဘဲဥပုံရုံးခန်းတွင် တွေ့ဆုံခဲ့ကြပြီး ထိုအထဲအတွင် ကချင်နှစ်ခြင်း ခရစ်ယန်အသင်းချုပ် ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ဆလမ်ဆမ်ဆွန်လည်းပါဝင်သည်။
ဒေါက်တာ ဆလမ်ဆမ်ဆွန်က မြန်မာနိုင်င်ငံတွင် ဘာသာရေးလွတ်လပ်ခွင့်မရှိကြောင်း အချက် ၅ ချက်နှင့်တင်ပြခဲ့ပြီး ယင်းအချက် ၅ ချက်မှာ မြန်မာနိုင်ငံတွင် ခရစ်ယာန်များကို မြန်မာစစ်တပ် ရက်ရက်စက်စက် ဖိနှိပ်၊နှိပ်ကွက်နေကြောင်း၊ ဘာသာရေးကို လွတ်လပ်စွာ ကိုးကွယ်ရန် အခွင့်အရေး မရရှိကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်တပ်များက မြန်မာအစိုးရကို ခုခံတိုက်ခိုက်နေရကြောင်း တင်ပြခဲ့သည်။
ထို့ပြင် အမေရိကန်အစိုးရအနေဖြင့် တိုင်းရင်းသား လူနည်းစုများကို ဦးစားပေးပြီး တိုင်းရင်သားခေါင်းဆောင်များကိုဒီမိုကရေစီ၊ ဖက်ဒရယ်စနစ် အောင်မြင်ရေးအတွက် အကူအညီ အထောက်အပံ့ပေးရန် အရေးကြီးကြောင်း၊ အမေရိကန်အစိုးရက မြန်မာ စစ်တပ် အပေါ်ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်လိုက်သည့်အတွက် သိပ်ကိုကျေးဇူးတင်ကြောင်းကိုလည်း တင်ပြခဲ့သည်။ ဒေါက်တာဆလမ်ဆမ်ဆွန်ကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။
Posted by Khit Thit Media on Sunday, 18 August 2019
သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ
Related Posts