All News Local News Peace

လားရှိုးတွင် လက်နက်ကြီးကျည်ကျ၍ အရပ်သားတစ်ဦး သေဆုံး

လားရှိုးတွင် လက်နက်ကြီးကျည်ကျ၍ အရပ်သားတစ်ဦး သေဆုံး

ရန်ကုန်၊ သြဂုတ် ၁၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်တွင် လက်နက်ကြီးကျည်ဆံကျရောက် ထိမှန်၍ အရပ်သား တစ်ဦး သြဂုတ်လ ၁၈ ရက်နေ့ ညပိုင်းက သေဆုံးသွားကြောင်း သိရှိရသည်။

သြဂုတ်လ ၁၈ ရက်နေ့ ည ၇ နာရီကျော်က လားရှိုးမြို့နယ်၊ ကုန်းဆာကျေးရွာအုပ်စု၊ ကုန်းဆာကျေးရွာနေ ဦးလုန်းအေးသည် လက်နက်ကြီးကျည်ဆံထိမှန်၍ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ သေဆုံးသွားသူ ဦးလုန်းအေးတွင် သားသမီး ၂ ဦးကျန်ရစ်ကြောင်း သိရှိရသည်။

“လက်နက်ကြီးကျည်ကျပြီး သေတယ်။ အဲဒါ လူငယ် အဖွဲ့တွေလည်းသွားကြည့်ထားတယ်။ ဘယ်က ပစ်တဲ့ လက်နက်ကြီးကျည်လဲ။ ဘယ်အဖွဲ့အစည်းကလဲဆိုတော့မသိဘူး။ ဆုံးသွားတာရော၊ သေတာကတော့ ဟုတ်တယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်း လူငယ်ကွန်ရက်မှ စိုးမွမ်းဝမ်းက ပြောသည်။

လတ်တလော လားရှိုး၊ ကွတ်ခိုင်တို့တွင် TNLA မဟာမိတ်ညီနောင် ၃ ဖွဲ့နှင့် အစိုးရ တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားလျက်ရှိနေပြီး အရပ်သားသေဆုံးမှုများ ဖြစ်ပေါ်လျက်ရှိသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts