All News Local News Peace

ရသေ့တောင်တွင် အမျိုးသမီးငယ်တစ်ဦး ကျည်ထိမှန်

ရသေ့တောင်တွင် အမျိုးသမီးငယ်တစ်ဦး ကျည်ထိမှန်

ရန်ကုန်၊ သြဂုတ် ၂၄

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ထွန်းရဝေရွာဟောင်းတွင် အမျိုးသမီးငယ်တစ်ဦး လက်မောင်းတွင် ကျည်ထိမှန်ခဲ့ကြောင်း သတင်းရရှိသည်။

သြဂုတ် ၂၃ ရက် နံနက် ၇ နာရီခန့်တွင် ထွန်းရဝေရွာဟောင်း တံတားအနီး၌ မိုင်းဗုံးပေါက်ကွဲရာမှ ကျေးရွာဘက်သို့ လက်နက်ကြီးလက်နက်ငယ် ရမ်းသမ်းပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ ယင်းပစ်ခတ်မှုကြောင့် ဒေါ်ခင်ဝင်းရွှေ အသက် ၂၅ နှစ် ဘယ်ဖက်လက်မောင်းတွင် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ကျွန်တော်တို့ထွန်းရဝေရွာဟောင်း တံတားအနီးမှာ မှိုင်းပေါက်ကွဲတာနဲ့ တပ်မတော် စစ်ကြောင်းက ရမ်းသမ်းလှမ်းပစ်လို့ ဒေါ်ခင်ဝင်းရွှေဘယ်ဖက်လက်မောင်းမှာ ကျည်ထိသွားတာပါ”ဟု အမည်မဖေါ်လိုသူ ရွာသားတစ်ဦးက ပြောကြားသည်။

ဒေါ်ခင်ဝင်းရွှေ ကျည်ထိမှန်ခဲ့ပြီးနောက် ထွန်းရဝေရွာမှ ရွာသားများသည် အနီးအနားရှိ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင် နေကြကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com