All News Local News

ရန်ကုန်တွင် ကရင်အာဇာနည်နေ့ အခမ်းအနား ကျင်းပမှုဖြင့် ဒေါ်နော်အုန်းလှ အပါအဝင် ၃ဦးကို ရဲတပ်ဖွဲ့က တရားစွဲဆို

ရန်ကုန်တွင် ကရင်အာဇာနည်နေ့ အခမ်းအနား ကျင်းပမှုဖြင့် ဒေါ်နော်အုန်းလှ အပါအဝင် ၃ဦးကို ရဲတပ်ဖွဲ့က တရားစွဲဆို

ရန်ကုန်၊သြဂုတ် ၁၆

၆၉ နှစ်မြောက် ကရင်အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံအတွင်း သြဂုတ်လ ၁၂ရက်ကကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ အခမ်းအနားပြုလုပ်ကျင်းပခြင်းကိစ္စနှင့် ပတ်သက်ပြီး ဒေါ်နော်အုန်းလှအပါအဝင် ၃ ဦးကို ကျောက်တံတားမြို့နယ်ရဲစခန်းက တရားစွဲဆိုထားကြောင်း သိရသည်။

ကရင်အာဇာနည်နေ့ဟု သုံးနှုန်းခြင်းအား အသုံးမပြုရန် တိုင်းအစိုးရက တားမြစ်ထားသော်လည်း ကရင်တိုင်းရင်းသား တစ်ရာကျော် စုပေါင်းပြီး ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ဘာ ပုဒ်မနဲ့ စွဲတာလည်းဆိုတာတော့မသိသေးဘူး။ စခန်းကဖုန်းဆက်ပြီး အကြောင်းကြားတယ်။ အန်တီကတော့ ခရီးသွားစရာရှိသေးလို့မလာနိုင်ဘူးလို့ပြောလိုက်တယ်။ သူတို့လာဖမ်းရင်တော့ မတတ်နိုင်ဘူး” ဟု ဒေါ်နော်အုန်းလှကဆိုသည်။

၎င်းတို့အနေဖြင့် ငြိမ်းစုစီ ဥပဒေနှင့် အညီ ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ငြိမ်းစုစီ ဥပဒေအရ နိုင်ငံသားအခွင့်အရေးနှင့်အညီ ပြုလုပ်သည့်အတွက် စိုးရိမ်စရာမရှိကြောင်း၊ ၎င်းတို့အနေဖြင့် ဥပဒေနှင့်အညီ ပြုလုပ်ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ကျောက်တံတားမြို့နယ်ရဲစခန်းကို ဆက်သွယ်၍ ရန်ကုန်ခေတ်သစ်က အမှုနှင့်ပတ်သက်၍ မေးမြန်းသော်လည်း တယ်လီဖုန်းဖြင့် မဖြေကြားနိုင်သဖြင့် စခန်းသို့ လာရောက်ရန် ပြန်ကြားသည်။

ကရင်အာဇာနည်နေ့အခမ်းအနားကျင်းပပြုလုပ်ခြင်းသည် ကရင်အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီး ကျဆုံးခြင်း အထိမ်းအမှတ်အဖြစ် နှစ်စဉ် သြဂုတ်လ ၁၂ ရက်နေ့တွင် ကရင်အာဇာနည်နေ့အဖြစ် သတ်မှတ်ပြီး ပြုလုပ်ကျင်းပခြင်းဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com