All News China Watch Local News Peace

မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၃ ခု၏ တိုက်ခိုက်မှု ငြိမ်းချမ်းရေးကို ထိခိုက်သဖြင့် ဆန့်ကျင်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြော

မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၃ ခု၏ တိုက်ခိုက်မှု ငြိမ်းချမ်းရေးကို ထိခိုက်သဖြင့် ဆန့်ကျင်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြော

ရန်ကုန်၊ သြဂုတ် ၁၉

ပလောင်TNLA ၊ရခိုင် AA နှင့် ကိုးကန့် MNDAA မဟာမိတ် ၃ ဖွဲ့၏ ရှမ်းပြည်မြောက်ပိုင်း တိုက်ခိုက်မှုများသည် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်သဖြင့် ဆန့်ကျင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်သည်။

သြဂုတ်လ ၁၉ ရက်နေ့ ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲတွင်
တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက လက်နက်ကိုင်ဝင်ရောက် တိုက်ခိုက်မှုကြောင့် လူသေကြေဒဏ်ရာရရှိစေခြင်းသည် မြန်မာနိုင်ငံ၏ မြောက်ပိုင်းဒေသငြိမ်းချမ်းရေးတည်ငြိမ်မှုကို ထိခိုက်သဖြင့် တရုတ်နိုင်ငံ အနေဖြင့် ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း၊ တရုတ်နိုင်ငံသည် တရုတ်-မြန်မာ နယ်စပ်ဒေသ၏ တည်ငြိမ်ငြိမ်းချမ်းရေးကို အလွန်အလေးထား ပြီး မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အစဉ်တစိုက်ထောက်ခံကြောင်း၊ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ၏ အပစ်အခတ်ရပ်စဲရေးအခြေအနေကို ဆက်လက်ထိန်းသိမ်းရန်လိုကြောင်း၊ တရုတ်နိုင်ငံသည် ယင်းအတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်မည်ဖြစ်ကြောင်း ပြောဆိုကြောင်း သိရှိရသည်။

နိုင်ငံရေးအသိုင်းအဝိုင်းက မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ တိုက်ခိုက်မှုတွင် တရုတ်နိုင်ငံ ပါဝင်ခြင်း ရှိ၊ မရှိ မေးခွန်းထုတ်နေချိန်တွင် ယင်းကဲ့သို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ တုံ့ပြန်ချက် ပေါ်ထွက်လာခြင်းဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts