Local News Web TV

မြန်မာနိုင်ငံ၏ ကိုယ်ပိုင်ဂြိုလ်တု Myanmar Sat 2 အောင်မြင်စွာ လွှတ်တင်(ရုပ်/သံ)

မြန်မာနိုင်ငံ၏ ကိုယ်ပိုင်ဂြိုလ်တု Myanmar Sat 2 အောင်မြင်စွာ လွှတ်တင်(ရုပ်/သံ)

ရန်ကုန်၊ သြဂုတ် ၇

မြန်မာနိုင်ငံက ပထမဆုံးအကြိမ် ကိုယ်ပိုင်ဂြိုလ်တုအဖြစ် ငှားရမ်းလိုက်သည့် Myanmar Sat 2 ပါဝင်သော Intelsat 39 ဆက်သွယ်ရေးဂြိုလ်တု ကို သြဂုတ်လ ၆ ရက်နေ့တွင် ပြင်သစ်ဂီယာနာ အာကာသဒုံးပျံ အခြေစိုက်စခန်းမှ အောင်မြင်စွာ လွှတ်တင်နိုင်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံပိုင် Myanmar Sat 2 ဂြိုလ်တု ပါဝင်သည့် Intelsat 39 ဆက်သွယ်ရေး ဂြိုလ်တုကို သြဂုတ်လ ၆ ရက်နေ့ အင်္ဂါနေ့ ဒေသ စံတော်ချိန် ညနေ ၄ နာရီခွဲတွင် လွှတ်တင်လိုက်ခြင်းဖြစ်သည်။

အဆိုပါ ဂြိုလ်တုကို Maxar Technologies က ထုတ်လုပ်ပြီ Arianespace ဂြိုလ်တု လွှတ်တင်စင်မှ Ariane 5 ဂြိုလ်တုဖြင့် ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်း Intelsat 39 ဆက်သွယ်ရေး ဂြိုလ်တုဟာ ကမ္ဘာပတ် လမ်းကြောင်း၊ အီကွေတာမျဉ်းနှင့် လောင်တီကျူ့အရှေ့ ၆၂ ဒီဂရီတွင် လည်ပတ်နေမည်ဖြစ်ကြောင်း သိရှိရသည်။

Myanmar Sat 2 အတွက် မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု ပေးသွင်းရသည့် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၅၅ ဒသမ ၇ သန်းဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် ၃၀ ရာခိုင်နှုန်းပေးသွင်းခဲ့ရကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ၅၀ ရာခိုင်နှုန်း၊ ၂၀၂၀ ပြည့်နှစ်တွင် ၂၀ ရာခိုင်နှုန်း ဆက်လက် ပေးသွင်းရမည်ဖြစ်ကြောင်း၊Myanmar Sat 2 ကို ၂၀၁၉ စက်တင်ဘာလ(၁) ရက်နေ့မှစတင်ပြီး သက်တမ်း ၁၅ နှစ် သုံးခွင့်ရှိမည်ဖြစ်ကြောင်း သိရှိရသည်။

ျမန္မာႏိုင္ငံ၏ ကိုယ္ပိုင္ၿဂိဳလ္တု Myanmar Sat 2 ေအာင္ျမင္စြာ လႊတ္တင္

ျမန္မာႏိုင္ငံ၏ ကိုယ္ပိုင္ၿဂိဳလ္တု Myanmar Sat 2 ေအာင္ျမင္စြာ လႊတ္တင္(႐ုပ္/သံ)ရန္ကုန္၊ ၾသဂုတ္ ၇ ျမန္မာႏိုင္ငံက ပထမဆံုးအႀကိမ္ ကိုယ္ပိုင္ၿဂိဳလ္တုအျဖစ္ ငွားရမ္းလိုက္သည့္ Myanmar Sat 2 ပါ၀င္ေသာ Intelsat 39 ဆက္သြြယ္ေရးၿဂိဳလ္တု ကို ၾသဂုတ္လ ၆ ရက္ေန႔တြင္ ျပင္သစ္ဂီယာနာ အာကာသဒံုးပ်ံ အေျခစိုက္စခန္းမွ ေအာင္ျမင္စြာ လႊတ္တင္ႏိုင္လိုက္ၿပီျဖစ္ေၾကာင္း သိရွိရသည္။ျမန္မာႏိုင္ငံပိုင္ Myanmar Sat 2 ၿဂိဳလ္တု ပါ၀င္သည့္ Intelsat 39 ဆက္သြယ္ေရး ၿဂိဳလ္တုကို ၾသဂုတ္လ ၆ ရက္ေန႔ အဂၤါေန႔ ေဒသ စံေတာ္ခ်ိန္ ညေန ၄ နာရီခြဲတြင္ လႊတ္တင္လိုက္ျခင္းျဖစ္သည္။အဆိုပါ ၿဂိဳလ္တုကို Maxar Technologies က ထုတ္လုပ္ၿပီ Arianespace ၿဂိဳလ္တု လႊတ္တင္စင္မွ Ariane 5 ၿဂိဳလ္တုျဖင့္ ပစ္လႊတ္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ယင္း Intelsat 39 ဆက္သြယ္ေရး ၿဂိဳလ္တုဟာ ကမာၻပတ္ လမ္းေၾကာင္း၊ အီေကြတာမ်ဥ္းႏွင့္ ေလာင္တီက်ဴ႕အေရွ႕ ၆၂ ဒီဂရီတြင္ လည္ပတ္ေနမည္ျဖစ္ေၾကာင္း သိရွိရသည္။Myanmar Sat 2 အတြက္ ျမန္မာႏိုင္ငံမွ ရင္းႏွီးျမႇဳပ္ႏွံမႈ ေပးသြင္းရသည့္ တန္ဖိုးမွာ အေမရိကန္ေဒၚလာ ၁၅၅ ဒသမ ၇ သန္းျဖစ္ၿပီး ၂၀၁၈ ခုႏွစ္တြင္ (၃၀) ရာခိုင္ႏႈန္းေပးသြင္းခဲ့ရေၾကာင္း၊ ၂၀၁၉ ခုႏွစ္တြင္ ၅၀ ရာခိုင္ႏႈန္း၊ ၂၀၂၀ ျပည့္ႏွစ္တြင္ ၂၀ ရာခိုင္ႏႈန္း ဆက္လက္ ေပးသြင္းရမည္ျဖစ္ေၾကာင္း၊Myanmar Sat 2 ကို ၂၀၁၉ စက္တင္ဘာလ(၁) ရက္ေန႔မွစတင္ၿပီး သက္တမ္း (၁၅) ႏွစ္ သံုးခြင့္ရွိမည္ျဖစ္ေၾကာင္း သိရွိရသည္။www.khitthitnews.com

Posted by Khit Thit Media on Tuesday, 6 August 2019

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts