Local News political news

မြန်မာစစ်တပ်၏ ဘာသာရေးဖိနှိပ်မှုများ အချက်အလက်နှင့်တင်ပြရန် အမေရိကန်သမ္မတထရမ့် ပြောဆိုထား

မြန်မာစစ်တပ်၏ ဘာသာရေးဖိနှိပ်မှုများ အချက်အလက်နှင့်တင်ပြရန် အမေရိကန်သမ္မတထရမ့် ပြောဆိုထား

ရန်ကုန်၊ သြဂုတ် ၁၆

မြန်မာစစ်တပ်၏ ဘာသာရေးဆိုင်ရာ ဖိနှိပ်မှုများကို အချက်အလက်နှင့် တင်ပြရန် အမေရိကန်သမ္မထရမ့်က ပြောဆိုထားကြောင်း ကချင်ကချင်နှစ်ခြင်း ခရစ်ယန်အသင်းချုပ် ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ဆလမ်ဆမ်ဆွန်က ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့်သီးသန့် ဆက်သွယ်မေးမြန်းခန်းတွင် ဒေါက်တာဆလမ်ဆမ်ဆွန်က အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် နိုင်ငံတကာမှ ဖိနှိပ်ခံရေသူများအရေး လှုပ်ရှားနေသူများနှင့် ဇူလိုင်လ ၁၈ ရက်နေ့က ဝါရှင်တန်ဒီစီရှိ ဘဲဥပုံရုံးခန်းတွင် တွေ့ဆုံခဲ့ကြပြီး ထိုအထဲအတွင် ကချင်နှစ်ခြင်း ခရစ်ယန်အသင်းချုပ် ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ဆလမ်ဆမ်ဆွန်လည်းပါဝင်သည်။

ဒေါက်တာ ဆလမ်ဆမ်ဆွန်က မြန်မာနိုင်င်ငံတွင် ဘာသာရေးလွတ်လပ်ခွင့်မရှိကြောင်း အချက် ၅ ချက်နှင့်တင်ပြခဲ့ပြီး ယင်းအချက် ၅ ချက်မှာ မြန်မာနိုင်ငံတွင် ခရစ်ယန်များကို မြန်မာစစ်တပ် ရက်ရက်စက်စက် ဖိနှိပ်၊နှိပ်ကွက်နေကြောင်း၊ ဘာသာရေးကို လွတ်လပ်စွာ ကိုးကွယ်ရန် အခွင့်အရေး မရရှိကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်တပ်များက မြန်မာအစိုးရကို ခုခံတိုက်ခိုက်နေရကြောင်း သမ္မတထရမ့်ထံ တင်ပြခဲ့သည်။

ထို့ပြင် အမေရိကန်အစိုးရအနေဖြင့် တိုင်းရင်းသား လူနည်းစုများကို ဦးစားပေးပြီး တိုင်းရင်သားခေါင်းဆောင်များကိုဒီမိုကရေစီ၊ ဖက်ဒရယ်စနစ် အောင်မြင်ရေးအတွက် အကူအညီ အထောက်အပံ့ပေးရန် အရေးကြီးကြောင်း၊ အမေရိကန်အစိုးရက မြန်မာ စစ်တပ် အပေါ်ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်လိုက်သည့်အတွက် သိပ်ကိုကျေးဇူးတင်ကြောင်းကိုလည်း ၎င်းက သမ္မတထရမ့်ထံ တင်ပြခဲ့သည်။

ထိုသို့ တင်ပြစဉ် အမေရိကန်သမ္မတထရမ့်က အချက်အလက်များနှင့် တင်ပြရန်တုံ့ပြန်ပြောဆိုသည်ဟု ၎င်းက ပြောသည်။

“သူဘက်ကတော့ နားလည်မှတ်ချက် ချတဲ့သဘောတော့ ရှိတယ်။ အသေးစိတ်တော့ သူမသိဘူးပေါ့။ ယေဘုယျအားဖြင့်တော့ သူနားလည်တယ်။ ဘယ်လိုဘယ်ပုံဆိုတာ တိတိကျကျ ပြောဖို့တော့ လိုတာပေါ့။ အခုကတော့ ယေဘုယျအားဖြင့်တော့ သူသိရှိ ၊ နားလည်တဲ့သဘောပါပဲ။ သူတို့ကတော့ တိုင်းရင်းသားတွေက ဘာလိုအပ်လဲ ၊ ပညာရေး နှင့် ပတ်သက်တာတွေ ဥပမာ- IDP ကိစ္စ ဘာလိုအပ်လဲ မေးတာ အဲဒါတစ်ခုပါပဲ။ သူတို့လုပ်ပေးဖို့က ကျနော်တို့ဘက်က အသေးစိတ် တင်ပြတဲ့အပေါ် မူတည်ပြီး သူတို့က ဆုံးဖြတ်မှာပေါ့။ တင်ပြဖို့က ကျနော်တို့က ဘာတွေလိုအပ်လဲဆိုတာ တင်ပြရမယ်။ ခေါင်းစဉ်ကြီးပဲ ပြောလို့မရဘူး။ Proposal ကောင်းကောင်းတော့ လိုအပ်တာပေါ့” ဟု ဒေါက်တာဆလမ်ဆမ်ဆွန်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts