All News Local News

မွန်ပြည်နယ်၊ သဲဖြူကုန်းကျေးရွာ အနီး တောင်ပြိုကျမှုကြောင့် သေဆုံးသူအရေအတွက် ဆက်လက်မြင့်တက်နေ

မွန်ပြည်နယ်၊ သဲဖြူကုန်းကျေးရွာ အနီး တောင်ပြိုကျမှုကြောင့် သေဆုံးသူအရေအတွက် ဆက်လက်မြင့်တက်နေ

မုတ္တမ၊ သြဂုတ် ၉

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမမြို့ သဲဖြူကုန်း ရပ် ရန်ကုန်-မော်လမြိုင်သွား လမ်းမကြီးဘေးရှိ တောင် သည် ယနေ့ မနက်က မိုးများသောကြောင့်ပြိုကျမှုဖြစ်ပွားခဲ့ရာတွင် သေဆုံးသူများပြားကြောင်းအဆိုပါနေရာတွင် ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေသူများထံမှသိရသည်။

စုစုပေါင်း သေဆုံးသူ ၅၀ ခန့်ဟု ဆိုပြီး ကားအများအပြားနှစ်မြုပ်မှုဖြစ်ပွားလျက်ရှိကြောင်းသိရသည်။

မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဒေါက်တာအောင်ကျော်သူက မူ သေဆုံးသူ ၂၀ ဦးရှိထားကြောင်းလွန်ခဲ့သည့် နာရီပိုင်းက ၎င်း ၏ လူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြထားသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့ကမူ လွန်ခဲ့သည့် ၁ နာရီကျော်က သတင်းထုတ်ပြန်ထားရာတွင် လက်ရှိအချိန်ထိရရှိထားသောစာရင်းအရ မြေပြိုမှုကြောင့် သေဆုံးသူဦးရေမှာ ကျား(၅)ဦး၊ မ(၅)ဦး၊ဒဏ်ရာရလူနာ(၂၇)ဦး ရှိကြောင်းဆိုထားသည်။

လက်ရှိတွင် မွန်ပြည်နယ်အတွင်း ရေကြီးနစ်မြုပ်မှုဒဏ်ကိုဆိုးရွားစွာခံစားနေရလျက်ရှိသည်။

ကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်လုပ်ဆောင်နေပြီး လမ်းပိုင်းပြတ်တောက်မှုများလည်းရှိနေသည်။

ယနေ့တွင် မွန်ပြည်နယ်အတွင်းရှိစာသင်ကျောင်းများအားလုံးကို ပိတ်ထားပြီဖြစ်သည်။

သတင်းတမန်

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts