All News Local News Peace

“မူးယစ်ဆေးဝါးများကို တပ်မတော်က ဖမ်းဆီးခြင်းကြောင့် TNLAနှင့် မဟာမိတ်အဖွဲ့က တန်ပြန် တိုက်ခိုက်ခြင်း ဟု တပ်မတော်ပြော”

“မူးယစ်ဆေးဝါးများကို တပ်မတော်က ဖမ်းဆီးခြင်းကြောင့် TNLAနှင့် မဟာမိတ်အဖွဲ့က တန်ပြန် တိုက်ခိုက်ခြင်း ဟု တပ်မတော်ပြော”

ရန်ကုန်၊ သြဂုတ် ၁၅

ပြင်ဦးလွင်ရှိ တပ်မတော်နည်းပညာတက္ကသိုလ် DSTA နှင့် နောင်ချိုမြို့နယ်အတွင်းတွင် တိုက်ပွဲများဖြစ်ပေါ်ခဲ့ခြင်းသည် တပ်မတော်က ရှမ်းပြည်နယ်၊ ကွတ်ခိုင်တွင် မူးယစ်ဆေးဝါးများကို အကြီးအကျယ် ဖမ်းဆီးလိုက်ခြင်းကို TNLA နှင့်မဟာမိတ်အဖွဲ့က တန်ပြန်တိုက်ခိုက်ခြင်းဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောဆိုသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်း၏ ဖြေကြားချက် အပြည့်အစုံကို ဖော်ပြပေးလိုက်ပါသည်။

“ကျနော်တို့ သတင်းထုတ်ပြန်ထားပါတယ်။ ဇူလိုင်လ ၂၄ ၊ ၂၅ ၊ ၂၆ ၊ ၂၇ ရက်နေ့ ၊ ကွတ်ခိုင်မှာ အဲ့ဒီအဖွဲ့တွေနှင့် ပတ်သက်ပြီး မူးယစ်ဆေးဝါး ချက်လုပ်တဲ့ စခန်းတွေ ၁၀ ခုလောက် ဖမ်းဆီးရရှိတာ ရှိတယ်။ ဝင်ရောက်ရှင်းလင်းခဲ့တာ ရှိတယ်။ မူးယစ်ဆေးဝါးကြီးပဲ ၁၇ တန် ၃ သောင်း ဖမ်းဆီးခဲ့တာ ရှိတယ်။ စက်ပစ္စည်းဖိုး မပါ အဲ့တာတွေနှင့် ပတ်သက်ပြီး ဇူလိုင် ၂၅ ရက်နေ့က သတင်းထုတ်ပြန်ပြီး ဖြစ်ပါတယ်။ ဒီကိစ္စနှင့် ပတ်သက်ပြီး ဝင်ရောက်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။

အဲဒီလို လုပ်တာအခါ သိသာတာက ပြင်ဦးလွင်မှာရှိတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ မူးယစ်ဆေးဝါးရှာဖွေရေးတပ် ၊ ဓါတ်မှန်ရိုက်တဲ့ယာဉ်ကို ပစ်သွားတာဖြစ်တယ်။ အဲဒီယာဉ်က တိုးဂိတ်နားမှာ ရှိတယ်။ အဲဒီယာဉ်ကို ပစ်သွားတာ ဖြစ်တယ်။ ယာဉ်ထားတဲ့အဆောက်အအုံတော့ ပျက်ဆီးမှု နည်းနည်းရှိတယ်။ ဒါပြင့် နောင်ချိုမှာ ရှိတဲ့ မူးယစ်ဆေးဝါး စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်မီးရှို့ခဲ့တာ ရှိတယ်။ လူသေဆုံးမှုက ကျနော်တို့ဆီက အရပ်သား တစ်ယောက် ဝန်ထမ်းသေဆုံးတာ ရှိတယ်။ စစ်သည်တစ်ဦး ထိခိုက်ဒဏ်ရာရရှိတာ ရှိတယ်။

အဓိက သတင်းထုတ်ထားတာ ပြောဆိုတာ ရှိတယ်။ ဒီဇင်ဘာလ ၂၁ ရက် ပထမဦးအကြိမ် သတင်းထုတ်ပြန်ချက် မှာ အပစ်အခတ် တိုက်ခိုက်မှု ရပ်ဆဲရေး ထာဝရငြိမ်းချမ်းရေး ထုတ်ပြန်ချက်အတိုင်း ဖော်ပြထားတယ်။

အစိုးရ ရဲ့ ယန္တရားအဆင့်ဆင့် နှင့် ပြည်သူအသက်အိုးအိမ် နှောင့်ယှက်ဖျက်ဆီးရင် ၊လမ်းပန်းဆက်သွယ်မှုကို ဖျက်ဆီး ခဲ့ရင် လိုအပ်တဲ့အရေးယူမှုအတိုင်း ဆောင်ရွက်သွားမယ်ဆိုတာ ထုတ်ပြန်ထားတာ ရှိတယ်။ ဒါနဲ့ပတ်သက်ပြီး ကျနော်တို့က လိုအပ်တဲ့ အရေးယူမှုတွေ ဆက်လက်ဆောင်ရွက်လျှက်ရှိပါတယ်။

အဲဒါကတော့ အဓိပ္ပာယ်မရှိပါဘူး။ ဒီနယ်မြေသည် ကျနော်တို့က ခဏခဏ သတင်းရှင်းလင်းပွဲမှာ ပြောတယ်။ သူတို့ရဲ့နယ်မြေလည်း မဟုတ်ဘူး ။ ဝင်ရောက်လာ တာ ဖြစ်တယ်။ အဓိက အကြောင်းအရင်းကတော့ သူတို့ရဲ့ ဘိန်းချက်စခန်းတွေ ၊ မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ စခန်းတွေကို ကျနော်တို့က နှိမ်နင်းတဲ့အတွက် ဖြစ်လာတဲ့ဟာတွေ ဖြစ်တယ်။ ဒါကြောင့်မို့ အဓိက တော့ ပစ်မှတ်ထားပြီး တိုက်ခိုက် တဲ့နေရာမှ မူူးယစ်ဆေးဝါး ဝင်ရောက်ရှာဖွေရေးယာဉ်ကို အဓိကထားပြီး တိုက်ခိုက်တယ်။ နောင်ချိုမှာ ရှိတဲ့ မူးယစ်ဆေးဝါးရှာဖွေရေးစခန်းကို အဓိက ထား တိုက်ခိုက်သွားတာဖြစ်တယ်”

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts