All News Local News

ပြည်ထဲရေးဝန်ကြီးဌာနက အဆင့်မြင့်ရဲအရာရှိအချို့ကို အပြောင်းအရွှေ့လုပ်

ပြည်ထဲရေးဝန်ကြီးဌာနက အဆင့်မြင့်ရဲအရာရှိအချို့ကို အပြောင်းအရွှေ့လုပ်

နေပြည်တော်၊ သြဂုတ် ၂၉

ပြည်ထဲရေးဝန်ကြီးဌာနက အမှတ်(၂)နယ်ခြားစောင့်ရဲတပ်ဖွဲ့မှူး အသစ်ခန့်အပ်ပြီး နေပြည်တော်တိုင်းရဲတပ်ဖွဲ့မှူး၊ ကယားပြည်နယ်ရဲတပ်ဖွဲ့မှူး များ ဒုတပ်ဖွဲ့မှူးအချို့အပါအဝင် အဆင့်မြင့်ရဲအရာရှိအချို့ကို အပြောင်းအရွှေ့ပြုလုပ်ကြောင်း ရဲသတင်းရပ်ကွက်ထံမှ စုံစမ်းသိရှိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လေးစိုး ကို ရဲမှူးချုပ်(ယာယီ)အဖြစ် ရာထူးတိုးပေးလိုက်ပြီး အမှတ် ၂ နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့ တပ်ဖွဲ့မှူး အဖြစ် တာဝန်ပေးလိုက်ခြင်းဖြစ်သည်။

ကယားပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းကြည်ကို စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးအဖြစ် ပြောင်းရွှေ့တာဝန်ပေးလိုက်သည်။

ကယားပြည်နယ် ရဲတပ်ဖွဲ့မှ ဒုတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်မင်းဦး ကို ရန်ကုန်တိုင်းဒေသကြီး ဒုတပ်ဖွဲ့မှူးအဖြစ် ပြောင်းရွှေ့တာဝန်ပေးလိုက်ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဦးစီးအရာရှိ ဒုရဲမှူးကြီး လှရီ ကို ရဲမှူးကြီ(ယာယီ)သို့ ရာထူးတိုးပေးလိုက်ပြီး ကယားပြည်နယ် ဒုတပ်ဖွဲ့မှူးအဖြစ် တာဝန်ပေးလိုက်ခြင်းဖြစ်သည်။

နေပြည်တော်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးဆွေကို ကယားပြည်နယ် ရဲတပ်ဖွဲ့မှူးအဖြစ် ပြောင်းရွှေ့တာဝန်ပေးလိုက်သည်။

ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ဒုတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းမင်းသိန်းကို နေပြည်တော်တိုင်းရဲတပ်ဖွဲ့မှူးအဖြစ် ပြောင်းရွှေ့တာဝန်ပေးလိုက်သည်။

ယင်းသို့ပြောင်းရွှေ့တာဝန်ပေးခြင်းကို ပြည်ထဲရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးရုံးက သြ ုတ် ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com