All News Local News Peace

ပုဏ္ဏားကျွန်းမှ စစ်တွေသို့ ညအချိန် ဝင်ရောက်လာသူတစ်ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ရာမှ သေဆုံး

ပုဏ္ဏားကျွန်းမှ စစ်တွေသို့ ညအချိန် ဝင်ရောက်လာသူတစ်ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ရာမှ သေဆုံး

ရန်ကုန်၊ သြဂုတ် ၂

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် နယ်နိမိတ်အကြားရှိ မင်းချောင်းတံတားအနီး ညအချိန်ဝင်ရောက်လာသူတစ်ဦးကို ပစ်ခတ်ဖမ်းဆီးရာမှ အသေဖမ်းဆီးရမိကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည် ။

ညမထွက်ရ အမိန့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၁၄၄ ထုတ်ပြန်ထားသည့် ပုဏ္ဏားကျွန်းမြို့န် နှင့် စစ်တွေမြို့နယ်အတွင်းသို့ သြဂုတ် ၁ ရက် ည ၁၁ နာရီခန့်တွင် ပုဏ္ဏားကျွန်းမှ စစ်တွေဘက်သို့ မောင်းနှင်လာသည့် ဆိုင်ကယ် ၂ စီးကို လုံခြုံရေးအဖွဲ့က ဖမ်းဆီးစစ်ဆေးစဉ် ဇော်မြင့်လွင်(ဘ)ဦးမောင်စံသိန်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရာကြည်ဖြူစွာ အစစ်ဆေးခံခဲ့ကြောင်း၊ ချစ်သူအောင်(ဘ) ဦးဝင်းအောင်မှာစစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် အရှိန်ပြင်းစွာဖြင့် မောင်းနှင်ထွက်ပြေးသွားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရပ်တန့်ရန် အော်ဟစ်သတိပေး သော်လည်း ရပ်တန့်ခြင်းမရှိသည့်အတွက် ပစ်ခတ်ဖမ်းဆီး ခဲ့ရာ အသေဖမ်းဆီးရမိကြောင်း သတင်းထုတ်ပြန်ထားသည်။

ညမထွက်ရ အမိန့်ဖောက်ဖျက်ကျူးလွန်သူ ဇော်မြင့်လွင်(ဘ)ဦးမောင်စံသိန်းကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ-၁၄၄ အား ဖောက်ဖျက်ကျူးလွန်မှုဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပစ်ခတ်မှုကြောင့် သေဆုံးသူ ချစ်သူအောင်၏ ရုပ်အလောင်းအား စစ်တွေပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ အမှုဖွင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်က ထုတ်ပြန်ထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts