All News Local News Peace

ပုဏ္ဏားကျွန်းမြို့နယ်၊ အဝေးပြေးလမ်းမပေါ်တွင် ရဲယာဉ်တန်း ပေါက်ကွဲမှုဖြစ်ပွားပြီး လူ အထိအခိုက်အကျအဆုံးရှိ၊ ပေါက်ကွဲမှု နှစ်ကြိမ်တိုင်ဖြစ်ပွား

ပုဏ္ဏားကျွန်းမြို့နယ်၊ အဝေးပြေးလမ်းမပေါ်တွင် ရဲယာဉ်တန်း ပေါက်ကွဲမှုဖြစ်ပွားပြီး လူ အထိအခိုက်အကျအဆုံးရှိ၊ ပေါက်ကွဲမှု နှစ်ကြိမ်တိုင်ဖြစ်ပွား

ရန်ကုန်၊ သြဂုတ် ၂၀

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် စစ်တွေ/ရန်ကုန်အဝေးပြေးလမ်းပိုင်းတွင် သြဂုတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းက ရဲယာဉ်တန်း ဖြတ်သန်းစဉ် ပေါက်ကြဲမှု ဖြစ်ပွားပြီး အကျအဆုံးနှင့် အထိအခိုက်ရှိကြောင်း၊ ပေါက်ကွဲမှု နှစ်ကြိမ်တိုင်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ပေါက်ကွဲမှုဖြစ်စဉ်သည် သြဂုတ် ၂၀ ရက်နေ့ နံနက်ပိုင်း ၈ နာရီကျော်ခန့်က ပုဏ္ဏားကျွန်းမြို့နယ်တွင်းဗိုလ်တထောင်ဘုရားအနီးတွင်ဖြစ်ပွားခြင်းဖြစ်ကြောင်း၊ ဒုတိယပေါက်ကွဲမှုဖြစ်စဉ်သည် ပုဏ္ဏားကျွန်းမြို့နယ် သဲတော်အနား ပြိုင်းတောရွာအနီးတွင် ဖြစ်ခဲ့ကြောင်း ဒေသခံများထံမှသိရှိရသည်။

ရန်ကုန်ခေတ်သစ်၏ သီးခြားစုံစမ်းချက်အရ ယင်းပေါက်ကွဲမှုကြောင့် လူအထိအခိုက် အကျအဆုံးရှိကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts