All News Local News

နမ့်စန်တွင် ကျပ် ၁၀ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ချက်လုပ်သည့် ဆက်စပ်ပစ္စည်းများ ဖမ်းမိဟုတပ်မတော်သတင်းထုတ်ပြန်

နမ့်စန်တွင် ကျပ် ၁၀ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ချက်လုပ်သည့် ဆက်စပ်ပစ္စည်းများ ဖမ်းမိဟုတပ်မတော်သတင်းထုတ်ပြန်

ရန်ကုန်၊ သြဂုတ် ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့နယ်တွင် ငွေကျပ် ၁၀ ဘီလီယံကျော် မူးယစ်ဆေးဝါးများနှင့် ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

သြဂုတ်လ ၂၅ ရက်နေ့ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နယ် အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ ဝင်များသည် နားပွဲကျေးရွာတစ်ဝိုက် အသေး စိတ်ရှာဖွေစစ်ဆေးစဉ် ရွာ၏ အရှေ့မြောက် ဘက် မီတာ ၁၀၀၀ ခန့်အကွာသို့အရောက်၌ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြု သည့် စတီးပေါင်းအိုး သုံးလုံး၊ မွှေစက် နှစ်လုံး၊ မှိုချောင်း ၁၃၀၀ ချောင်း၊ အောက်ခံခုံ တစ်ခု၊ မော်တာ တစ်လုံး၊ ကဖင်း ၆၄ အိတ်အား ပိုင်ရှင်မဲ့ ထပ်မံတွေ့ရှိ သိမ်း ဆည်း ရမိခဲ့ကြောင်း ၊မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများအား သြဂုတ် ၂၂ ရက်နှင့် ၂၃ရက်တွင် နားပွဲကျေးရွာအနီး ဖမ်းဆီးရမိခဲ့ပြီး ၎င်းဖမ်းဆီးရမိ ပစ္စည်းများအနက် WY စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြား များထည့် ထားသည့် ဆာလာအိတ် ၂၇ အိတ်အား အသေးစိတ် စစ်ဆေးရာ စိတ်ကြွ ရူးသွပ်ဆေး ပြား စုစုပေါင်း ၅၃ သိန်း (ကာလတန်ဖိုး ၁၀ ဒသမ ၆ ဘီလီယံ) ရှိကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Photo Credit- တပ်မတော်

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com