All News Local News

ဒေါ်အောင်ဆန်းစုကြည် ဝန်ကြီးသူရဦးအောင်ကို နေအိမ်တွင် ညစာစားပွဲတက်ခြင်းမှာ ဒဏ်ရိုက်ခြင်းဟု သမ္မတရုံးရှင်းလင်း

ဒေါ်အောင်ဆန်းစုကြည် ဝန်ကြီးသူရဦးအောင်ကို နေအိမ်တွင် ညစာစားပွဲတက်ခြင်းမှာ ဒဏ်ရိုက်ခြင်းဟု သမ္မတရုံးရှင်းလင်း

ရန်ကုန်၊ သြဂုတ် ၂

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းသည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို နေအိမ်တွင် သြဂုတ်လ ၁ ရက်နေ့ ညစာ စားပွဲ တက်ရောက်ခြင်းသည် ဒဏ်ရိုက်သည့်အနေဖြင့် ဖြစ်ကြောင်း သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

နေပြည်တော်၊ သမ္မတရုံးတွင် ယနေ့ ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် ရဟန်းတော်များနှင့်လူပုဂ္ဂိုလ် များ နှစ်စဉ်ဘွဲ့တံဆိပ်တော်ကပ်လှူသည့်ပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲများတွင် အချိန် ၂ နာရီကြာမြင့်ဟု သူရဦးအောင်ကိုက ဒေါ်အောင်ဆန်းစုကြည်ကို ပြောဆိုခဲ့သော်လည်း အချိန် ၃ နာရီကြာမြင့်သည့်အတွက် ဒဏ်ရိုက်သည့်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဝန်ထမ်း ၈၀ ကျော်ကို သြဂုတ်လ ၁ ရက်နေ့က ညစာ ကျွေးမွေးခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts