interview Peace political news
“တိုက်ပွဲ အကုန်လုံး ပေါင်းလိုက်ရင် မြန်မာစစ်တပ်ဘက်က ကျဆုံးတာ ၆၀ အထက် ရှိတယ်” (ရုပ်/သံ)
“တိုက်ပွဲ အကုန်လုံး ပေါင်းလိုက်ရင် မြန်မာစစ်တပ်ဘက်က ကျဆုံးတာ ၆၀ အထက် ရှိတယ်”
AAပြန်ကြားရေးတာဝန်ခံ ခိုင်သုခနှင့် ဆက်သွယ်မေးမြန်းချက်
By ရန်ကုန်ခေတ်သစ်
ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် AA နှင့် တပ်မတော်တို့အကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး မြန်မာတပ်မတော်ဘက်မှ ကျဆုံးသူ ၆၀ အထက်ရှိကြောင်း AA ဘက်က ပြောဆိုသည်။ မြန်မာ့တပ်မတော်ဘက်ကမူ AA သည် တပ်မတော်သားများ အရေအတွက်အများအပြား ကျဆုံး ထိခိုက်ဒဏ်ရာရရှိသည်ဟု ဝါဒဖြန့်နေကြောင်း ပြောဆိုသည်။ AA ဘက်သို့ မြန်မာ့တပ်မတော်ဘက်မှ ရခိုင်တိုင်းရင်းသား ဗိုလ်မှူးအောင်မြင့်စိုး ကူးပြောင်းသွားပြီး ရခိုင်တိုင်းရင်းသား တပ်မတော်သားအများအပြား ကူးပြောင်းလာနေကြောင်း AA က ပြောဆိုသည်။ မြန်မာ့တပ်မတော်ကမူ AA က ဝါဒဖြန့်ချိမှုများ ပြုလုပ်နေသော်လည်း ရခိုင်တိုင်းရင်းသားများသည် မြန်မာ့တပ်မတော်တွင် သစ္စာရှိစွာ အမှုထမ်းနေကြဆဲဖြစ်ကြောင်း ပြောဆိုသည်။ ရန်ကုန်ခေတ်သစ်က AA၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကို ဆက်သွယ်မေးမြန်းထားပါသည်။
AA အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခနှင့် ဆက်သွယ်မေးမြန်းချက်
Posted by Khit Thit Media on Monday, 5 August 2019
မေး ။ ။ ရခိုင်ပြည်နယ် ၊ မြို့နယ် ၅ မြို့နယ်မှာ သြဂုတ်လအတွင်း ဖြစ်ပေါ်နေတဲ့ တပ်မတော် နှင့် AA တပ်ဖွဲ့တို့ အကြား တိုက်ပွဲအခြေအနေ ပြောပြပေးပါ။
ဖြေ။ ။ အခု သြဂုတ်လအတွင်း ၁ ရက်နေ့က စပြီးတော့ သြဂုတ် ၅ ရက်နေ့အထိ တိုက်ပွဲတွေက ဆက်တိုက်ဖြစ်နေတယ်။ သြဂုတ်လ ၃ ရက်မှတော့ ပလက်ဝမြို့နယ်ထဲမှာ တိုက်ပွဲက ဆက်တိုက်ဖြစ်နေတာ ။ ပြောရမယ်ဆိုရင် ရက်ပေါင်း ၁၀ ကျော်လောက် အဲဒီနေရာမှာ ဖြစ်တာ။ မြန်မာစစ်တပ်က စစ်သားတချို့က အဲဒီမှာ ကျနော်တို့ ရှိတဲ့နေရာကို သူတို့က ထိုးစစ်ဆင်ဖို့ အတွက် လာတာ။ အဲ့မှာ ပိတ်မိနေတာ။
ထိုးစစ်ဆင်ဖို့ လာတဲ့ စစ်ကြောင်းတွေကို ကျနော်တို့ဘက် ဖြတ်တောက် တိုက်ခိုက်တဲ့အခါ စစ်ကြောင်း တချို့က အဲ့ဒီကြားထဲ ပိတ်မိနေတာ ရှိတယ်။ အဲ့ဒီမှာ ရက်ပေါင်း ၁၀ ရက်လောက် တိုက်ပွဲတွေက ဖြစ်နေတာ။ ပြည်ထောင်မှာ သြဂုတ် ၃ ရက်နေ့ ရန်သူဘက်ကနေ ၆ ဦး ကျဆုံးတာ ရှိတယ်။ ကျနော်တို့ဘက်က ပစ်ခတ်တာကြောင့် ၆ ဦးလောက် ကျဆုံးတာ ရှိတယ်။ သြဂုတ်လ ၄ ရက်နေ့ကျတော့ နောက်ထပ် ၃ ဦး ကျဆုံးတာ ရှိတယ်။
ပိတ်မိနေတဲ့ စစ်ကြောင်းကနေ ဖောက်ထွက်ဖို့ ကြိုးစားတဲ့သူတွေ အဲ့ဒီမှာ ကျနော်တို့တပ်ဖွဲ့တွေနဲ့ ဝိုင်းပစ်ခံရပြီးတော့ ကျဆုံးတာ ရှိတယ်။ သြဂုတ် ၃ နှင့် ၄ ရက် ပေါင်းရင် ၁၀ ဦးအထက် ကျဆုံးတာ ရှိတယ်။ နောက်ပြီးတော့ ဒဏ်ရာရတဲ့သူ အချို့လည်း ရှိတယ်။ ဒဏ်ရာရတဲ့သူတွေကိုတော့ သြဂုတ် ၄ ရက်နေ့မှာ သူတို့က ရဟတ်ယာဉ်တစ်စီး နဲ့ သယ်ထုတ်သွားတာ ဆိုတာ သိရတယ်။
နောက်ပြီး သြဂုတ်လ ၄ ရက်မှာ တိုက်ပွဲဖြစ်တဲ့ ပြည်ထောင် တစ်ဝိုက်နားမှာ သူတို့ မြန်မာတပ်မတော်အချင်းချင်း လက်နက်ကြီးနှင့် ပစ်ခတ်တာ မှားယွင်းပြီး ပစ်ခတ်မိတာ အဲဒီမှာ ၄ ဦး ထပ်သေဆုံးတာ ရှိတယ်။ ဒဏ်ရာရတဲ့သူတွေကလည်း ၅ ယောက်အထက်လောက် ရှိတယ်။ ဒီမင်းပြား မြို့နယ်ထဲမှာ သြဂုတ် ၃ နှင့် ၄ရက်နေ့ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ခဲ့တာ ရှိတယ်။
မင်းပြားမြို့နယ် ၊ သလူချောင်းရွာ ရဲ့ မြောက်ဘက် တစ်ကီလိုမိတာလောက် အဲ့နားမှာ တိုက်ပွဲဖြစ်တာ ရှိတယ်။ သြဂုတ်လ ၃ ရက်နေ့မှာ ရန်သူဘက်က အကျအဆုံး တော်တော်များတယ်။ အကုန်လုံး ၃ ရက်တည်းမှာ သူတို့ဘက်က ကျဆုံးတာ ၅၀ အထက် ရှိတယ်။ နောက် ဒဏ်ရာရတဲ့သူ အများအပြားရှိတယ်။ သြဂုတ်လ ၃ရက် နှင့် ၄ ရက်နေ့ ၊ မင်းပြားမြို့နယ်ထဲ ဖြစ်တဲ့ တိုက်ပွဲ နှင့် ပလက်ဝမြို့နယ်မှာ ဖြစ်တဲ့ တိုက်ပွဲ အကုန်လုံး ပေါင်းလိုက်ရင် မြန်မာစစ်တပ်ဘက် ကျဆုံးတာ ၆၀ အထက် ရှိတယ်။ ဒဏ်ရာရတဲ့သူ ၃၀ အထက် ရှိတယ်။
မေး။ ။ ဗိုလ်မှူးအောင်မြင့်စိုး တပ်မတော်ကနေ AA ဘက်ကို လာပူးပေါင်းတယ်ဆိုတော့ အဲဒီ နောက်ဆုံးအခြေအနေဘယ်လိုရှိပါလဲ။
ဖြေ။ ။ ကျနော်တို့ ရခိုင်တပ်မတော်ထဲ ကူးပြောင်းလာတဲ့ ကျနော်တို့ တိုင်းချစ် ပြည်ချစ်စိတ်ဓါတ် ရှိတဲ့ ရခိုင်အားလုံးကို ဝမ်းသားအားရနဲ့ ကြိုဆိုတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာစစ်တပ်ထဲမှာ သူတို့ က ကိုယ်ပြည်သူကို ကိုယ်ပြန်ပြီး နှိပ်စက်နေခဲ့ရတာ ။ ကိုယ့်ပြည်သူကို ပြန်ပြီး ဖိနှိပ်တဲ့အလုပ်တွေကို သူတို့ လုပ်ခဲ့ရတယ်။ အခုလိုမျိုး အမြင်မှန်ရပြီးတော့ ကိုယ်တိုင်းပြည်၊ ကိုယ်လူမျိုးအတွက် ငါတို့မှာလည်း တာဝန်ရှိတယ်၊ တိုက်ပွဲဝင်ရမယ့် အသိ နဲ့ ကူးပြောင်းလာတာကိုး ဝမ်းသာသလို ကြိုလည်း ကြိုဆိုပါတယ်။
တခြား မြန်မာစစ်တပ်ဘက်မှာ ရှိနေတဲ့ ကျနော်တို့ ရခိုင်လူမျိုး ၊ စစ်သားတွေကိုလည်း ကျနော်တို့က အခုထိ အမြင်မှန်ရဖို့ အများကြီး ဆွဲချင်တာတော့ ရှိတယ်။ ကိုယ်လူမျိုး အချင်းချင်း ပြန်တိုက်ရတဲ့ အလုပ်ကို ရပ်တန်းက ရပ်ပြီး ကိုယ်လူမျိုးကို ကာကွယ်တဲ့ ရခိုင်တစ်ယောက်ဖြစ်ဖို့အတွက်ကြိုးစားကြပါလို့ ကျနော်တို့ဘက်က ပြောချင်တာ ။ ဒါမှာလည်း မိဘကျေးဇူးကို ဆပ်ရာ ရောက်မှာပေါ့။
ဘာကြောင့်လဲဆိုတော့ ရခိုင်မိဘတွေက မွေးဖွားကြတဲ့ ရခိုင်လူမျိုးတွေ အားလုံး ကိုယ်လူမျိုးကို ပြန်သတ်တဲ့ လူတွေ မဖြစ်ရဘဲ ကိုယ်လူမျိုးကို ကာကွယ်တဲ့လူဖြစ်ရင်တော့ မိဘကျေးဇူးကို ဆပ်ရ ရောက်တာပေါ့။ ရခိုင်လူမျိုး စစ်သားတွေ အထူးသဖြင့် မြန်မာစစ်တပ်ထဲ ရောက်နေတဲ့ မိမသိ ၊ ဖမသိ ၊ တပ်မတော်သာ အမိ ၊ တပ်မတော်သာ အဖ ဆိုပြီး သွန်သင်ခံနေရတာ ၊ မိမသိ ၊ ဖမသိတဲ့သူတွေကို ကျနော်တို့ အမြင်မှန်ရဖို့ ရခိုင်တပ်မတော်ဘက်က ကြိုဆိုနေပါတယ်လို့ ပြောချင်တယ်။
မေး ။ ။ လက်ရှိမှာ AA တပ်ဖွဲ့ဘက်သို့ ရခိုင်တိုင်းရင်းသားတွေ ဝင်ရောက်လာတဲ့ အခြေအနေ ၊ လက်ခံထားတဲ့အပိ်ုင်းတွေ ပြောပြပေးပါ။
ဖြေ။ ။ အဲ့လိုမျိုး တစ်ယောက်ချင်း ကူးပြောင်းလာတာက ဒီနှစ်ထဲ တော်တော်များများတော့ ရှိတယ်။ တချို့ဆိုရင် သူတို့ရဲ့ မိသားစု လုံခြုံရေးအတွက်ဆိုပြီး ကျနော်တို့ဘက်က ထုတ်မပြောတာတွေလည်း ရှိတယ်။
အခု ပြောတဲ့ ဗိုလ်မှူးအောင်မြင့်စိုး ဆိုရင် သူက ၂၀၁၈ ခုနှစ်ကတည်းက ကျနော်တို့နဲ့ ပူးပေါင်းနေတာ ဖြစ်တယ်။ မြန်မာစစ်တပ်ရဲ့ သဘော သဘာဝအရ အဲဒီလိုမျိုး ဖြစ်ရင် မိသားစုကို လိုက် ပြီး လက်ဦးနေတာ ရှိတယ်။ ဒါကြောင့် တချို့တွေကို လုံခြုံရေးအရ ထုတ်မပြောတာ ရှိတယ်။
ဘယ်လို့ပဲဖြစ်ဖြစ် ကျနော်တို့က ကိုယ်တိုင်းပြည် ၊ ကိုယ်လူမျိုးကို ကာကွယ်ရမယ်ဆိုတဲ့ အသိနဲ့ ၊ မျိုးချစ် စိတ်ဓါတ် အခြေခံပြီးတော့ ကျနော်တို့ ရခိုင်တပ်မတော်ဘက်ကို ကူး ပြောင်းလာတဲ့ ရခိုင်လူမျိုး ဟူသမျှကို ရခိုင် စစ်သားတွေအားလုံးကို ဝမ်းသာအားရ နဲ့ ကြိုဆိုပါတယ်လို့ ပြောချင်တယ်။
အခု ကူးပြောင်းလာတဲ့ လူတွေကလည်း သူတို့က အံ့သြနေကြတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာစစ်တပ်ထဲမှာ နေတုန်းက သူတို့က တပ်မတော်သာ အမိ ၊ တပ်မတော်သာ အဖ ဆိုပြီး မိမသိ ဖမသိ ဖြစ်အောင် သူတို့ ရိုက်သွင်း ခံခဲ့ရတယ်။ အခုကနေ ကျနော်တို့ ဒီမှာတော့ ပြည်သူသာ အမိ ၊ ပြည်သူသာ အဖ အဲ့တာကြောင့်မို့ ၊ ပြည်သူအတွက် ကျနော်တို့ အလုပ်လုပ်နေတယ်။ဒါကြောင့် ပြည်သူကနေ အားလုံး ဝိုင်းဝန်း ချစ်ကြတာ ။
ကိုယ်သားသမီး အရင်းအချာလိုမျိုး ဝိုင်းပြီး ချစ်ကြတာ။ ဒီမှာ အလုပ်လုပ်ရတာ တကယ့် ညီအစ်ကို ရင်းသဖွယ် တစ်ယောက်နဲ့ တစ်ယောက် ညီရင်းအစ်ကိုလိုမျိုး တစ်ကယ်ချစ်ခင်ပြီး အလုပ်လုပ်ကြတာ။ စစ်တပ်လို အပေါ်ကနေ အောက်ကို ဟိန်းဟောက် တဲ့ အနေအထားမျိုး မရှိဘူး။ အဲ့တာကြောင့်မို့ သူတို့ အနေနဲ့ အများကြီး ပျော်ရွှင်ပါတယ်။
သူတို့လည်း အများကြီး နောင်တ ရတယ်။ ဒီမှာ ရောက်လာတဲ့သူတွေကလည်း ၊ အဲ့တာကြောင့်မို့ ကျနော်တို့ဘက်က မြန်မာစစ်တပ်ဘက်မှာ ရှိနေတဲ့ ရခိုင်တွေ အားလုံး ၊ တခြားတိုင်းရင်းသားတွေလည်း ကျနော်တို့က ကြိုဆိုပါတယ်။ ကျနော်တို့ဆီ ကူးပြောင်းလာမယ်ဆိုရင် အများကြီး ကြိုဆိုပါတယ်။
မေး။ ။ စစ်တပ်ဘက်ကနေ AA တပ်ဖွဲ့ ကူးပြောင်းလာတဲ့ အရေအတွက် ခန့်မှန်းခြေ ဘယ်လောက် ရှိနိုင်ပါသလဲ။
ဖြေ။ ။ဒီဟာကတော့ လောလောဆယ် လုံခြုံရေး ကိစ္စ ဖြစ်တဲ့အတွက်ကြောင့်မို့ ကျနော်တို့အနေနဲ့ အသေးစိတ်တော့ မပြောလိုဘူး။
သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ
Related Posts