All News Local News

တပ်မတော်နှင့် ဆက်စပ် စီးပွားရေးလုပ်ငန်း၊ ကုမ္ပဏီများကို အရေးယူရန် ကုလသမဂ္ဂထုတ်ပြန်ချက် ကရင်အမျိုးသမီးအဖွဲ့KWO ထောက်ခံ

တပ်မတော်နှင့် ဆက်စပ် စီးပွားရေးလုပ်ငန်း၊ ကုမ္ပဏီများကို အရေးယူရန် ကုလသမဂ္ဂထုတ်ပြန်ချက် ကရင်အမျိုးသမီးအဖွဲ့KWO ထောက်ခံ

ရန်ကုန်၊ သြဂုတ် ၇

ကုလသမဂ္ဂက ဖွဲ့စည်းထားသော မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသော မြန်မာတပ်မတော်နှင့် ဆက်စပ် စီးပွားရေးလုပ်ငန်း၊ ကုမ္ပဏီများကို အရေးယူရန် အပါအဝင် အစီရင်ခံစာပါ အချက်အလက်များကို ထောက်ခံကြိုဆိုကြောင်း ကရင်အမျိုးသမီး အစည်းအရုံး-KWO က သဘောထားကြေညာချက်ထုတ်ပြန်လိုက်သည်။

မြန်မာစစ်တပ်နှင့်ဆက်စပ်သည့် စီးပွားရေးလုပ်ငန်း၊ ကုမ္ပဏီများအပေါ် နိုင်ငံတကာစီးပွားရေး အသိုင်းအဝိုင်းက အဆက်အသွယ်ဖြတ်တောက် အရေးယူရန် တိုက်တွန်းချက်များကို KWO က ထောက်ခံလိုက်ခြင်းဖြစ်သည်။

တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များကို စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့ရန်လည်း အမေရိကန်အစိုးရကို တိုက်တွန်းကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့၏ အစီရင်ခံစာပါ အချက်အလက်များကို အလေးထား ဆောင်ရွက်ကြရန် KWO က တိုက်တွန်းထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts