All News Local News Peace

တစ်ဆို့နေသော ငြိမ်းချမ်းရေး ပြန်စတင်နိုင်ရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ခုက အလုပ်အဖွဲ့ ၂ ဖွဲ့စည်း

တစ်ဆို့နေသော ငြိမ်းချမ်းရေး ပြန်စတင်နိုင်ရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ခုက အလုပ်အဖွဲ့ ၂ ဖွဲ့စည်း

ရန်ကုန်၊ သြဂုတ် ၂၅

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် (NCA) ကို လက်ရှိ လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့က အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ရန် အဖွဲ့ ၂ ဖွဲ့ ထပ်မံ ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှီသည်။

ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် သြဂုတ်လ ၂၁ ရက်နေ့မှ သြဂုတ်လ ၂၅ ရက်နေ့ အထိ ကျင်းပသော အပစ်ရပ်အဖွဲ့များ(PPST) တွေ့ဆုံ ဆွေးနွေးမှုအပြီး ယင်းသို့ PPST က အစိုးရနှင့်ငြိမ်းချမ်းရေး ဆွေးနွေးရန် အဖွဲ့ ၂ ခု ထပ်မံ ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင် ညှိနှိုင်းရေးအဖွဲ့ ၊နှင့် အပစ်အခတ်ရပ်စဲမှု ခိုင်မာရေး ဆိုင်ရာ ညှိနှိုင်းမှုအဖွဲ့ ဟူ၍ အလုပ်အဖွဲ့ ၂ ဖွဲ့ကို ထပ်မံ ဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရှိရသည်။

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်ဆို့မှု ကျော်လွှားရေး ညှိနှိုင်းဆွေးနွေးဖို့နဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်ရေး နည်းလမ်း ၄ ရပ် ဆွေးနွေးဖို့ အဖွဲ့ဝင် ၁၀ ဦးပါ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ကို ဖွဲ့စည်းပေးနိုင်ခဲ့လို့ နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးရေးကို မကြာမီ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ အဲဒီ ညှိနှိုင်းဆွေးနွေးပွဲကနေ တရားဝင် ဆွေးနွေးပွဲများနဲ့ ၂၁ ရာစုပင်လုံတို့ကို ကျင်းပနိုင်ရေး လမ်းပွင့်သွားမယ်လို့ မျှော်လင့်ပါတယ်” ဟု PPST အဖွဲ့ ယာယီ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောဆိုသည်။

ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သော PPST ဆွေးနွေးပွဲအပြီး အချက် ၆ ချက် ပါ ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး လက်ရှိ မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် တိုက်ပွဲများ၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများကို လျှော့ချပြီး နိုင်ငံရေးဆွေးနွေးမှုမှတစ်ဆင့် ငြိမ်းချမ်းစွာေ ဖြရှင်းကြရန် တိုက်တွန်းချက်လည်း ပါဝင်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts