All News Local News Peace

ကွတ်ခိုင်မြို့နယ်တွင် ကျေးရွာသား ၇ ဦး အဖမ်းခံရသည်ဆိုသော ဒေသခံများပြောဆိုသော်လည်း အတည်မပြုနိုင်သေး

ကွတ်ခိုင်မြို့နယ်တွင် ကျေးရွာသား ၇ ဦး အဖမ်းခံရသည်ဆိုသော ဒေသခံများပြောဆိုသော်လည်း အတည်မပြုနိုင်သေး

ရန်ကုန်၊ သြဂုတ် ၃၀

ရှမ်းပြည်နယ် မြောက်ပိုင်း ၊ ကွက်ခိုင်မြို့နယ် နှင့် ၆ မိုင်အကွာ ၊ ယုံငေါ့ရွာ (နမ့်တူရွာ ) ရွာသား ၇ ဦးတို့အား လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသော်လည်း တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်တို့ထံမှ အတည်ပြုချက် တစ်စုံတစ်ရာ မရရှိသေးပေ။

ယနေ့ နံနက်ပိုင်းတွင် ယုံငေါ့ရွာ ကျေးရွာသား ၇ ဦးကို စစ်တပ်ဘက်မှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံများက ပြောဆိုကြသော်လည်း ရန်ကုန်ခေတ်သစ်က တပ်မတော်ထံ ဆက်သွယ်မေးမြန်းရာ အတည်ပြု ဖြေဆိုခြင်း မရှိပေ။

“ အဲ့ရွာသားတွေက သူတို့ အိမ်မှာ ရှိနေကြတာ။ တချို့က ထမင်းစားနေကြတာ ။ တချို့ အလုပ်လုပ်နေရင်း အိမ်မှောနရင်းဖြစ်သွားတာ။ ရွာမှာ တချို့တွေက စစ်ရှောင်နေကြတာ များတယ်။ ရွာထဲမှာ အခု ၃၄ ယောက်ပဲ ရှိတယ်။ အဲ့ထဲက ရွာသား ၇ ယောက်ကို ဖမ်းခေါ်သွားတာ။ သူတို့ကို ကြိုးတုတ်ပြီး ဆွဲသွားလိုက်တာ ။ မနက်က ရွာသူကြီးကို လာခေါ်ပြီး အခုထိတော့ ပြန်မလာသေးဘူး။ ကျနော်တို့လည်း အကြောင်းအရင်း ကောင်းကောင်း မသိရသေးဘူး။ ရွာသူကြီး ပြန်ရောက်လာမှာ အကြောင်းအရင်းကောင်းကောင်း သိရမှာ။ မနေ့က ညပိုင်း နမ့်ကွက် နှင့် ကျနော်တို့ ရွာနားမှာ ကားဘယ်နှစ်စီးလောက် မီးရှို့သွားလဲ မသိဘူး။ ကျနော်တို့လည်း ကားမီးရှိုှုှု့ထားတဲ့နေရာ မသွားရဲဘူး။ ကြောက်လို့ ၊ ကျနော်တို့က ပြည်ထောင်စုလမ်းမဘေးမှာပဲ နေတယ်။ ဒါပေမဲ့ မသွားရဲဘူး။ အဲ့တာကြောင့် ဘယ်ကားအမျိုးအစား မီးရှို့ထားလဲ မသိရဘူး ။ ကားမီးရှို့ခံထားရတာတော့ မှန်ပါတယ် “ ဟု လုံခြုံရေးအရ အမည်မဖော်ပြရန် မေတ္တာရပ်ခံသော ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောသည်။

ရှမ်းပြည်နယ် ( မြောက်ပိုင်း ) လားရှိုးမြို့ နှင့် သိန္ဒီမြို့ အကြား ၊ ပန်ဖက်ရွာ နှင့် မိုင်းလီကျေးရွာအနီး ၊ ယနေ့ သြဂုတ်လ ၃၀ ရက်နေ့ နံနက် ၆ နာရီခန့်က မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့က ရန်ကုန်မှ မူဆယ်သို့ ပြေးဆွဲနေသော ခရီးသည်တင် Express တစ်စီး အပါအဝင် အိမ်စီးကား နှင့် ဈေးသည်ဆိုင်ကယ် တစ်စီးတို့အား မီးရှို့ဖျက်ဆီးခံရကြောင်း သိရသည်။

မီးရှို့ဖျက်ဆီးခံရသော ခရီးသည်တင်ယာဉ်လိုင်းမှာ ရန်ကုန် – မူဆယ်ပြေးဆွဲသော ဂျူပီတာ ခရီးသည်တင် မော်တော်ယာဉ်လိုင်းဖြစ်ပြီး အခင်းဖြစ်ပွားစဉ်အချိန်က ခရီးသည် ၁၀ ဦးကျော်ခန့် လိုက်ပါစီးနင်းလာတာဖြစ်ကြောင်း ၊ လက်ရှိအချိန်တွင် သက်ဆိုင်ရာမှ မူဆယ်မြို့သို့သွားရောက်ရန် ကူညီပေးထားကြောင်း ရွှေလှိုင်မေတ္တာ လူမှုကယ်ဆယ်ရေးအသင်းမှ ဦးစိုင်းညီညီဟန်က ပြောသည်။

“ သတင်းကြားတာနဲ့ ကျနော်တို့ဘက်က ကယ်ဆယ်ရေးသမားတွေ သွားတယ်။ အဲ့မှာ နယ်မြေခံတပ်ရင်းက နယ်မြေရှင်းလင်းနေပါတယ်။ ပြီးတော့ နယ်မြေခံတပ်ရင်း လုံခြုံရေးအကူအညီနဲ့ သူတို့ကို သွားရောက်ကယ်တင်ခဲ့ပါတယ်။ ခရီးသည်တွေက ကိုယ်စီရှောင်တိမ်းနေတော့ တော်တော်လေးရှာယူလိုက်ရတယ်။ အဲ့နားမှာ ရွာနားကအိမ်မှာ တည်းခိုနေကြတယ်။ အဲ့တော့ သူတို့ ပြန်ခေါ်လာရတယ်။ ခရီးသွားပြည်သူ ၁၀ ဦး ၊ ကားယဉ်မောင်း ၃ ဦး ၊ မော်တော်ဆိုင်ကယ်သမား ၁ ဦး စုစုပေါင်း ၁၅ ဦး ပါ ။ ကျနော်တို့ ရောက်ချိန် ကားတွေက မီးနည်းနည်းကျနေတဲ့အချိန်လောက် ၊ Express ကား ၁ စီး ၊ Hijet ၁ စီး၊ ဆိုင်ကယ် ၁ စီး ၊ အိမ်စီးကား (Wish ) ၊ ကျနော်တို့ ရောက်တဲ့အချိန် တပ်မတော်စစ်ကြောင်း လိုက်လံရှင်းလင်းနေပါတယ်။ ကျနော်တို့က ခရီးသည်တွေကို သိန္ဒမြို့နယ် အုပ်ချုပ်ရေးရုံးကို ပို့တယ်။ ကားမောင်းသမားတွေ တော့ လားရှိုးနားမခေါ်ကားကြီးဝင်းကိုတော့ ပို့လိုက်ပါတယ်။ အခုတော့ ခရီးသည်တွေက မူဆယ်ဘက်ကို ပြန်သွားကြပါပြီ “ ဟု ဦးစိုင်းညီညီဟန်က ပြောသည်။

အဆိုပါ သတင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ရန်ကုန်ခေတ်သစ်မီဒီယာမှ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း နှင့် TNLA သတင်းပြန်ကြားရေး တာဝန်ခံ မိုင်အိုက်ကျော်တို့အား ဖုန်းဆက်မေးမြန်းပါသော်လည်း ဖုန်းအဆက်အသွယ်မရရှိပေ။

၂၀၁၉ ခုနှစ် ၊ သြဂုတ်လ ၂၉ ရက်နေ့ ၊ နံနက်ပိုင်းက လားရှိုး – မူဆယ် ပြည်ထောင်စုကားလမ်းမကြီးပေါ်တွင် ကွက်ခိုင် နှင့် နမ့်ဖက်ကာအကြား ရှိ ဗြုံးတောင်အနီးတွင် ၁၂ ဘီး ကုန်တင်ယာဉ်တစ်စီး ကိုလည်းကောင်း ဖျက်ဆီးမှုရှိခဲ့ပြီး ယင်းနေ့ ည ၈ နာရီအချိန်တွင် ကွက်ခိုင်မြို့ နမ့်ကွက်အနီးတွင် ၂၂ ဘီးတွဲယာဉ်တစ်စီး မီးရှိုှု့ဖျက်ဆီးခဲ့မှု ဖြစ်ပွားခဲ့သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts