All News Local News

ကျောင်းသားဆန္ဒပြပွဲများ တိုင်းဒေကြီးအစိုးရအဖွဲ့၊ ထွေ/အုပ်နှင့် ပညာရေးဌာန ထံ တင်ပြရမည်

ကျောင်းသားဆန္ဒပြပွဲများ တိုင်းဒေကြီးအစိုးရအဖွဲ့၊ ထွေ/အုပ်နှင့် ပညာရေးဌာန ထံ တင်ပြရမည်

ရန်ကုန်၊ သြဂုတ် ၁၄

မြန်မာနိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်အသီးသီးတွင် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်သော ကျောင်းသားဆန္ဒပြမှုများကို လုပ်ဆောင်ရာတွင် ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ တင်ပြကြရန် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ဒေါက်တာသိန်းဝင်းက ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်လိုက်သည်။

သြဂုတ်လ ၁၃ ရက်နေ့ ထုတ်ပြန်သော ညွှန်ကြားစာတွင် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်မည်ဆိုပါက ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆန္ဒထုတ်ဖော်နိုင်ရေး ဖော်ထုတ်မည့်ကိစ္စနှင့်ပတ်သက်သော အကြောင်းအရာ၊ နေရာ၊ နေ့ရက်၊ အချိန် ကျောင်းသား၊ ကျောင်းသူ ဦးရေ စသည်တို့ကို သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး၊ ခရိုင်/မြို့နယ် ထွေ/အုပ်များ၊ အဆင့်မြင့်ပညာဦးစီးဌာနသို့ တင်ပြရမည်ဖြစ်ကြောင်း၊ မတင်ပြဘဲ ဆောင်ရွက်ပါက ဥပဒေအရ အမှုဖွင့် တရားစွဲခံရမည်ဖြစ်ကြောင်း ကျောင်းသားကျောင်းသူများ သိရှိလိုက်နာရေး ဆောင်ရွက်ရန်၊ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများအနေဖြင့် ကျောင်းသားကျောင်းသူများ၏ ဆန္ဒဖောထုတ်မှုပြုလုပ်ခြင်းများကို အလေးထား ကြီးကြပ်ဆောင်ရွက်ရန် ညွှန်ကြားချက်တွင်ဖော်ပြထားသည်။

“ဒါက ကျောင်းသားတွေကို ဥပဒေအရ ထိန်းချုပ်ဖို့လုပ်တာပါပဲ။ ဒီညွှန်ကြားချက်က ဖိနှိပ်ဖို့ပါပဲ” ဟု မိထ္တီလာခရိုင်ကျောင်းသားသမဂ္ဂမှ ကိုရဲကျော်က ပြောဆိုသည်။

ရန်ကုန်တက္ကသိုလ်တွင် မကြာသေးမီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လာရောက်စဉ် ကျောင်းသားဆန္ဒပြမှု တစ်ရပ်ဖြစ်ပွားခဲ့သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com