All News Local News Peace

ကျောက်တော်၊ အပေါက်ဝကျေးရွာအနီး ပေါက်ကွဲမှုဖြစ်ပွါး

ကျောက်တော်၊ အပေါက်ဝကျေးရွာအနီး ပေါက်ကွဲမှုဖြစ်ပွါး

By ကျော်လှမြင့်(ကျောက်တော်)/ရန်ကုန်ခေတ်သစ်

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အပေါက်ဝစံပြကျေးရွာအနီး နေပူခံကျေးရွာသို့ သွားသည့် လမ်း
ဘေးတွင် သြဂုတ် ၁၄ ရက်နေ့နံနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွါးခဲ့ကြောင်း သိရှိရသည်။

နေပူခံကျေးရွာနေ အုပ်စုအုပ်ချုပ်ရေးမှု ဦးကောင်းစံလှက “ပေါက်ကွဲမှုဖြစ်တာက ဒီနေ့ နံနက် ၉ နာရီကျော် ၁၀ နာရီဝန်းကျင်မှာအပေါက်ဝကျေးရွာအဆုံးက ကြက်ခြံနား ကျွန်တော်တို့ရွာကို သွားတဲ့လမ်းဘေးမှာဖြစ်တာပါ။ စာရေးဦးမောင်ကြက်ခြံအနီးမှာပါ။ ထိခိုက်ဒဏ်ရာရတာတော မကြားဘူးဗျ”ဟု ပြောသည်။

ယနေ့ နံနက် ပေါက်ကွဲမှုဖြစ်ပွားခြင်းသည် မှန်ကန်ကြောင်း၊ သို့ရာတွင် မည်သူ့လက်ချက်ဖြစ်သည်ကို မသိရှိကြောင်း ကျောက်တော်မြို့နယ်ရဲတပ်ဖွဲ့၊ အပေါက်ဝရဲစခန်းမှူးက အတည်ပြုပြောဆိုသည်။

“ပေါက်ကွဲတာမှန်ပါတယ်။ ဘယ်သူဘယ်ဝါ လက်ချက်ကိုတော ကျွန်တော်တို့လည်းမသိဘူး ကျွန်တော်တို့စခန်းနဲ့နီးပါတယ်”ဟုပြောကြားခဲ့ပါသည်။

သြဂုတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းကလည်း ကျောက်တော်မြို့နယ် အပေါက်ဝစံပြကျေးရွာမ ှ တောင်ဖက် ၃ ဖါလုံခန့်အကွာ ပြောင်းဆိပ်ကျေးရွာသွားသည့်လမ်းဘေးတွင် ပေါက်ကွဲမှုများဖြစ်ပွါးခဲ့ပြီး ယင်းပေါက်ကွဲမှုနှင့်အတူ တပ်မတော်ဘက်မှ လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်မှုများ ရှိခဲ့ကာ နေပူခံကျေးရွာအနီးလယ်ကွင်းတွင် လက်နက်ကြီး ၁ လုံးကျရောက်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com