All News Local News Peace

ကျောက်တော်နှင့်မြောက်ဦးမြို့နယ်တို့တွင် လက်နက်ကြီးကျည်ကျပြီး အမျိုးသမီး ၃ ဦးဒဏ်ရာရ၊ ဘုရားစေတီနှင့်ကျောင်းကန်တချို့ ကျည်ထိမှန်ပြိုပျက်

ကျောက်တော်နှင့်မြောက်ဦးမြို့နယ်တို့တွင် လက်နက်ကြီးကျည်ကျပြီး အမျိုးသမီး ၃ ဦးဒဏ်ရာရ၊ ဘုရားစေတီနှင့်ကျောင်းကန်တချို့ ကျည်ထိမှန်ပြိုပျက်

By ကျော်လှမြင့်(ကျောက်တော်) / ရန်ကုန်ခေတ်သစ်

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်နှင့်မြောက်ဦးမြို့နယ်တို့တွင် သြဂုတ်လ ၂၈ ရက်နေ့က လက်နက်ကြီးကျည်ထိမှန်၍ အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရရှ ကျောင်းကန်/ဘုရားတချို့ ပြိုပျက်ခဲ့သည်ဟု ဒေသခံများပြောကြားချက်အရ သိရှိရပါသည်။

လက်နက်ကြီးကျည်ထိမှန်၍ ဒဏ်ရာရရှိသွားကြသည့် အမျိုးသမီးများဖြစ်ပြီး ကျောက်တော်မြို့နယ် သဝင်ကိုင်အုပ်စုမှ ရွှေလှိုင်ကျေးရွာနေ ဒေါ်အေးနွယ် အသက် ၄၁ နှစ် နှင့်ခေါင်းတုတ် ရွာနေ အသက် ၁၂ နှစ်အရွယ် ကလေးမတစ်ဦးနှင့်မြောက်ဦးမြို့နယ် ထိပ်ဝပြင်ကျေးရွာမှဒေါ်တင်တင်ဋ္ဌေး ၃၆ နှစ် ဖြစ်ကြောင်း သိရှိရသည်။

ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သော ဒေါ်အေးနွယ်၏ ခင်ပွန်းဖြစ်သူ ဦးမောင်ဝင်းက”ဘာတိုက်ပွဲမှလည်းမရှိဘူး။ ကျွန်တော့်မိန်းမက အိမ်ပေါ်မှာနေတာပါ။ ပစ်ခတ်သံတွေကြားတော ကျွန်တော်တို့နဲ့ အိမ်အောက်ကိုအဆင်းမှာ မြစ်ထဲကနေပြီး ရမ်းသမ်းပစ်ခတ်လို့ ပေါင် ၂ ဖက်လုံးကျည်ထိမှန်ခဲ့ပါတယ်။ ညာဖက်ပေါင်က ဒဏ်ရာများပါတယ် အပြစ်မဲ့တဲ့ပြည်သူတွေကို အခုလိုပစ်ခတ်တာကို စိတ်မကောင်းပါဘူးဗျာ”ဟု ပြောကြားသည်။

ခေါင်းတုတ်ကျေးရွာအကြီးအကဲကလည်း ၎င်းတို့ကျေးရွာမှ အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦး လက်နက်ကြီးကျည်ထိမှန်ခဲ့ကြောင်း အတည်ပြုပြောဆိုသည်။

“ကျွန်တော်ရွာက ကလေးမလေးကတော လက်နက်ကြီးကျည်စ ထိမှန်တာပါ။ သြဂုတ် ၂၈ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန်မှာ မျက်နှာသစ်နေတုန်းအချိန် ဘယ်ဖက်ခါးမှာ ထိမှန်တာပါ”ဟု ကျေးရွာအကြီးအကဲဖြစ်သူ Mနာဆဲက ပြောကြားသည်။

ထိပ်ဝပြင်ကျေးရွာမှ ကျည်ထိမှန်ခဲ့ရသော ဒေါ်တင်တင်ဌေးသည် နေအိမ်တွင် ထမင်းချက်နေစဉ် လက်နက်ကြီးကျည် ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း ဒေါ်တင်တင်ဌေး၏

ထိပ်ဝပြင်ကျေးရွာမှ ကျည်ထိမှန်ခဲ့သော ဒေါ်တင်တင်ဋ္ဌေး၏ ဦးစိန်ရွှေက “သြဂုတ်လ ၂၈ ရက်နေ့ မနက် ၁၀ နာရီခန့်မှာ ဒေါ်တင်တင်ထဲက ထမင်းချက်နေတုန်း စစ်တပ်က ပစ်တဲ့လက်နက်ကြီးက ခြံဝင်းထဲ ဝါးရုံတောမှာကျပြီး ပေါက်ကွဲကာ ဝမ်းဗိုက်မှာ ထိသွားတာဖြစ်ပါတယ်”ဟုပြောသည်။

သြဂုတ် ၂၇ ရက်နေ့ ညနေ ၁၀ နာရီ ၂၆ မိနစ်အချိန် ကျောက်တော်မြို့ကစ္ဆပနဒီတံတားအနီး ပစ်ခတ်ခဲ့ပြီး သြဂုတ် ၂၈ ရက်နေ့ နံနက် ၄ နာရီခန့်ကပင် လက်နက်ကြီးလက်နက်ငယ် အများအပြားပစ်ခတ်မှု များရှိခဲ့ကြောင်း၊ မြောက်ဦးမြို့နယ် အဝေးပြေးလမ်းမဘေး လင်းမြွေတောင်ဘုရား တောင်ကုန်းနားတွင်လည်း နှစ်ဖက်တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွါးခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

လက်နက်ကြီးကျည်ထိမှန်၍ ကျောင်းကန်/ဘုရား ပြိုပျက်ခဲ့သော ကျေးရွာများမှာ ကျောက်တော်မြို့နယ် နဂရာကျေးရွာဖြစ်ပြီး လက်နက်ကြီးကျည်ရောက်ပေါက်ကွဲကာ ဘုန်းကြီးကျောင်းလှေခါးနှင့်စေတီတွင်ရံထားသော ဂြိုလ်တိုင်ဘုရားသုံးဆူ ပြိုပျက်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက် အရ သိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်ပြောခွင့်ရသူ ဗိုလ်မှူးကြီးဝင်းဇော်ဦး၊ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့ကို ဆက်သွယ်သော်လည်း အဆက်အသွယ်မရရှိပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts