All News Local News

ကရင်နီ လူငယ် ၆ ဦးကို စွဲချက်တင်၊ မတင် လာမည့် ရုံးချိန်းတွင် အမိန့်ချမည်

ကရင်နီ လူငယ် ၆ ဦးကို စွဲချက်တင်၊ မတင် လာမည့် ရုံးချိန်းတွင် အမိန့်ချမည်

ရန်ကုန်၊ သြဂုတ် ၁၆

ကယားပြည်နယ်အစိုးရက နိုင်ငံသားတို့ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်ခွင့်နှင့်ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံရေး ဥပဒေ ပုဒ်မ ၁၀ ဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသော ကရင်နီလူငယ် ၆ဦးကို လာမည့် သြဂုတ်လ ၂၆ ရက်နေ့ ရုံးချိန်းတွင် စွဲချက်တင်၊ မတင် အမိန့်ချမှတ်သွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ လူငယ်၆ဦးကို ယမန်နေ့ သြဂုတ် ၁၅ရက်နေ့ တွင် လွိုင်ကော်မြို့နယ် တရားရုံး၌ ရုံးထုတ်ခဲ့ပြီး အရပ်ဖက်ရှေ့နေက စွဲချက် လျှောက်လဲချက် စာကိုတရားရုံးသို့ တင်ခဲ့ကြောင်းသိရသည်။

“ဒီအမှုမှာ အစိုးရသက်သေ တရားလိုပြသက်သေ တစ်ဝက်စစ်ဆေးပြီးသွားပါပြီ။ တရားလိုပြသက်သေတွေ စစ်ဆေးပြီးတဲ့နောက်ကြောင့် ဒီနေ့ရုံးချိန်းကတော့ စွဲချက် လျှောက်လဲချက် ပေးရတဲ့ရုံးချိန်းဖြစ်ပါတယ်။ ဒေသခံရှေ့နေကနေပြီးတော့ စွဲချက် လျှောက်လဲချက်ကို စာနဲ့တင်ခဲ့တဲ့ ရုံးချိန်ဖြစ်ပါတယ်။ စွဲချက်လျှောက်လဲချက်ပြီးရင် တရားရုံးရဲ့အလုပ်ပေါ့။ တရားသူကြီးကနေပြီးတော့မှ ဒီပုဂ္ဂိုလ် ၆ဦးဟာဖြစ်ရင် ဘယ်ပုဒ်မနဲ့ ငြိတယ်။ စွဲဆိုထားတဲ့ ပုဒ်မနဲ့ ငြိတယ် မငြိဘူးပေါ့။ မငြိရင် လွှတ်ပေးရမယ်။ စွဲချက်မတင်ဘဲ တရားရှင် လွှတ်တယ်လို့ခေါ်ပါတယ်။ ငြိတယ်ဆိုရင် စွဲချက်တင်မယ်။ အမှုကိုဆက်စစ်မယ်”ဟု အမှုကို စိတ်ပါဝင်စွား နားထောင်ခဲ့သူ တောင်ကြီးတရားမျှတမှုစင်တာမှ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်မိုးမိုးကဆိုသသည်။

ကရင်နီလူငယ် ၆ ဦးကို ၂၀၁၉ ခုနှစ် ၊ ဇန်နဝါရီလတွင် လွိုင်ကော်မြို့ ၊ ဂန္ဓာဟေဝန်ပန်းခြံအတွင်း လာရောက်စိုက်ထူခဲ့သည့် ဗိုလ်ချုပ်ကြေးရုပ်နှင့် ပတ်သက်ပြီး ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို နှင့် စီမံဘဏ္ဍာဝန်ကြီး ဦးမော်မော်တို့ကို နိုင်ငံရေး ရာဇဝတ်ကောင် များ ၊ ကရင်နီ အမျိုးသား သစ္စာဖောက် များ ၊ တိုင်းရင်းသားသွေးစည်း ချစ်ကြည်ရေး၏ ဘုံရန်သူများ ၊ ကျေးဇူးကန်းသူများအဖြစ် ကြေညာမှုဖြင့် ပြည်နယ်အစိုးရက တရားစွဲဆိုထားခြင်းဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com