All News Local News

ကရင်နီ လူငယ် ၆ဦးကို နိုင်လွတ်လုံပုဒ်မ ၁ဝဖြင့် စွဲချက်တင်ခြင်း တရားမျှမှုမရှိဟုဆို

ကရင်နီ လူငယ် ၆ဦးကို နိုင်လွတ်လုံပုဒ်မ ၁ဝဖြင့် စွဲချက်တင်ခြင်း တရားမျှမှုမရှိဟုဆို

ရန်ကုန်၊ သြဂုတ် ၂၆

ကယားပြည်နယ် အစိုးရက နိုင်ငံသားတို့၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုငရာ လုံခြုံရေး ဥပဒေပုဒ်မ ၁ဝဖြင့် တရားစွဲဆိုထားသော ကရင်နီလူငယ် ၆ဦးကို ယနေ့ သြဂုတ်လ ၂၆ရက်နေ့ လွိုင်ကော် မြို့နယ်တရားရုံးတွင် စွဲချက်တင်လိုက်ခြင်းသည် တရားမျှတမှုမရှိကြောင်း တရားစွဲဆိုခံထားရသော ကရင်နီလူငယ်များကဆိုသည်။

အဆိုပါ လူငယ်၆ဦးကို ယနေ့ ၉ကြိမ်မြောက်ရုံးချိန်းတွင် တရားရုံးက ယင်းဥပဒေ ပုဒ်မ ၁၀ ဖြင့် စွဲချက်တင်ခဲ့ပြီး စက်တင်ဘာလ ၄ရက်နေ့ ရုံးချိန်တွင် လူငယ်၆ဦး၏သက်သေများကို စတင်စစ်ဆေးမည်ဖြစ်ကြောင်း တရားစွဲဆိုခံထားရသော လူငယ်များကဆိုသည်။

‘ လက်ရှိ ကျွန်တော်တို့ကို စွဲနေတဲ့ဥပဒေက ပြည်သူကိုကာကွယ်ရဖို့ဖြစ်တယ်။ ဒါပေမယ့်ပြည်သူကို ဖိနှိပ်နေတဲ့ ဥပဒေဖြစ်တယ်။ ဒီဥပဒေကို အကောင်အထည်ဖော်တဲ့ တရားရုံးတွေ ကျွန်တော်တို့ကို တရားစွဲတဲ့ လက်ရှိပြည်နယ်အစိုးရ ဝန်ကြီးချုပ်နဲ့ စီမံဘဏ္ဍဝန်ကြီးတို့ကို ကျွန်တော်ပြောချင်တာကတော့ ပြည်သူတွေကိုကာကွယ်ဖို့ ပြဌာန်းထားတဲ့ဥပဒေကို ပြည်သူတွေကိုဖိနှိပ်ဖို့အတွက် သုံးတယ်ဆိုတော့ ခင်ဗျာတို့က အမျှော်အမြင် အင်မတန်မှ နည်းတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်။ ပြည်သူတွေကို ကာကွယ်ဖို့အတွက် ပြုလုပ်ထားတဲ့ ဥပဒေနဲ့ ပြည်သူတွေကို မကာကွယ်ဘူးဆိုရင် ဒီဥပဒေတွေက ဘာလုပ်တော့မလဲလို့ ကျွန်တော်ပြောချင်တယ်။ ဥပဒေပိုင်းမှာလည်း အားနည်းချက်ရှိသလို ဥပဒေကို အသုံးချတဲ့သူတွေမှာလည်း ချို့ယွင်းချက်ရှိလို့ ကျွန်တော်တို့ကို တရားစွဲဆိုတာ လုံးဝတရားမျှတမှုမရှိဘူးဆိုတာ ကျွန်တော်ပြောချင်ပါတယ်’ ဟု ကရင်နီလူငယ်ခေါင်းဆောင် ကိုဒီးဒီ ကဆိုသည်။

ထို့ပြင် နိုင်လွတ်လုံ ပုဒ်မ ၁၀ဖြင့် တရားစွဲဆိုသည့် အပေါ် ပြစ်မှုမမြောက် ကြောင်း၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် စီမံဘဏ္ဍရေးဝန်ကြီးတို့က ၎င်းတို့စာထုတ်သည့်အပေါ် နစ်နာမှုမရှိ၊ ထိခိုက်ခဲ့တာမရှိဟု ငြင်းဆိုမှု မရှိခဲ့သလို ရှင်းလင်းမှု မရှိကြောင်း၊ ထိုသို့ ပြုလုပ်ခဲ့ခြင်းမရှိသောကြောင့် စွဲချက်တင်ခြင်းသည် တရားဥပဒေအရ မျှတမှုမရှိဟု ယူဆကြောင်း လူငယ် ၆ဦးကပြောဆိုသည်။

လွိုင်ကော်မြို့ ၊ ဂန္ဓာဟေဝန်ပန်းခြံအတွင်း လာရောက်စိုက်ထူခဲ့သည့် ဗိုလ်ချုပ်ကြေးရုပ်နှင့် ပတ်သက်ပြီး ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို နှင့် စီမံဘဏ္ဍာဝန်ကြီး ဦးမော်မော်တို့ကို နိုင်ငံရေး ရာဇဝတ်ကောင် များ ၊ ကရင်နီ အမျိုးသား သစ္စာဖောက် များ ၊ တိုင်းရင်းသားသွေးစည်း ချစ်ကြည်ရေး၏ ဘုံရန်သူများ ၊ ကျေးဇူးကန်းသူများအဖြစ် ကရင်နီလူငယ် ၆ ဦးက ကြေညာခဲ့ခြင်းကြောင့် ကယားပြည်နယ်အစိုးရက လူငယ် ၆ ဦးကို တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com