Local News political news

NLD အမတ်အားလုံး ပြည်ထောင်စုလွှတ်တော်အစည်းအဝေး မပျက်မကွက်တက်ရန် ညွှန်ကြား

NLD အမတ်အားလုံး ပြည်ထောင်စုလွှတ်တော်အစည်းအဝေး မပျက်မကွက်တက်ရန် ညွှန်ကြား

ရန်ကုန်၊ ဇူလိုင် ၁၂

နေပြည်တော်တွင် ဇူလိုင်လ ၁၅ရက်နေ့တွင် ပြန်လည်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ NLD လွှတ်တော်ကိုယ်စားလှယ်များအားလုံး မပျက်မကွက်တက်ရန် ညွှန်ကြားထားကြောင်း သိရှိရသည်။

လာမည့် ဇူလိုင်လ ၁၇ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး အစီရင်ခံစာကို တင်သွင်းမည်ဖြစ်ပြီး မဲခွဲဆုံးဖြတ်မှုများလည်း ပါဝင်ဖွယ်ရှိနေေ ကြောင်း စုံစမ်းသိရှိရသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဗိုလ်က “ဘတ်ဂျတ်ကိစ္စတွေ ဆွေးနွေးမှာလည်း ပါတာပေါ့။ နောက်တစ်ခါ ၄၅ဦးကော်မတီ အစည်းအဝေးမှာတင်ပြတာလည်း အချိန်ကတော့ တိုက်နေတယ်။ အဲဒါလည်း ပါတာပေါ့”ဟု ပြောသည်။

NLD လွှတ်တော်အမတ်အများစုကလည်း လွှတ်တော်မပျက်မကွက် တက်ရောက်ရန် ညွှန်ကြားချက် ရှိနေသည်မှာ မှန်ကန်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ အတည်ပြု ပြောဆိုကြသည်။

ပြည်ထောင်စုလွှတ်တော် ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီက ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လေ့လာမှုများ၊ အစီရင်ခံစာ ရေးသားမှုများ ဆောင်ရွက်ခဲ့ရာ ယင်းလုပ်ငန်းစဉ်များအားလုံး ပြီးစီးနေပြီဖြစ်ကြောင်း တရားဝင်ကြေညာထားသည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ အခန်း၁ မှ ၁၅ ထိ၊ နောက်ဆက်ဇယား ၁ မှ ဇယား ၅အထိ ပါတီအစုအဖွဲ့ အသီးသီးကတင်ပြထားသော ပုံစံ ၄ မျိုးဖြစ်နေသည့်အတွက် ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ မူလအတိုင်းထားရှိခြင်းတို့ဖြင့် လွှတ်တော်တွင်တင်ပြသွားမည်ဟု ကော်မတီက ပြောဆိုထားသည်။

ဇူလိုင်လ ၁၇ ရက်နေ့တွင် တစ်နိုင်ငံအတိုင်းအတာဖြင့် အခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံ လှုပ်ရှားသည့် လူထု ဆန္ဒထုတ်ဖော်ပွဲများလည်း ကျင်းပရန် ရှိနေပြီး ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့ တွင်လည်း ဇူလိုင်လ ၁၇ ရက်နေ့ အခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts