All News Local News

H1N1 တုပ်ကွေးရောဂါပိုးကြောင့် ၆၂ ဦးသေဆုံး

H1N1 တုပ်ကွေးရောဂါပိုးကြောင့် ၆၂ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၁၉

မြန်မာနိုင်ငံတွင် ရာသီတုပ်ကွေးရောဂါ H1 N1 ဗိုင်းရပ်စ်ပိုးကြောင့် လက်ရှိချိန်တွင် တစ်နိုင်ငံအတိုင်းအတာ သေဆုံးသူဦးရေမှာ ၆၂ ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ြ ထုတ်ပြန်ချက်အရသိရသည်။

ဇူလိုင်လ ၁၇ရက်က နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတွင်ကျင်းပသော ရာသီတုတ်ကွေးရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများ အရှိန်အဟုန်မြင့်ဆောင်ရွက်ခြင်း အပတ်စဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် H1 N1 ရောဂါကာကွယ် ထိန်းချုပ်ရေးများ အရှိန်အဟုန်မြှင့်တင်ရန် ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးကပြောဆိုခဲ့သည်။

” လတ်တလော ပြင်းထန် အသက်ရှု လမ်းကြောင်းပိုးဝင်ရောဂါ (SARI) ဖြင့် ဆေးရုံတက် ရောက်ကုသမှု ခံယူသူ အများအပြားရှိသော ပြည်နယ်/ တိုင်းဒေသကြီးများဖြစ်သော ရန်ကုန်တိုင်း၊ဧရာဝတီတိုင်း၊ရခိုင်ပြည်နယ်၊ နေပြည်တော်၊ ကချင်ပြည်နယ်၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မွန်ပြည်နယ် ရှိဖြစ်ပွားရာ မြို့နယ် များတွင် ကျန်းမာရေးအသိပညာပေးခြင်းနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ကို သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ကျန်းမာရေး ဌာနများမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းပြီး အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရန်”ဟုဒေါက်တာမြင့်ထွေးက ညွှန်ကြားခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ လူမှုကွန်ရက် တွင်ဖော်ပြထားသည်။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ H1N1 ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံသူဦးရေမှာ ရန်ကုန်တွင် ၄၉ ဦး၊ ဧရာဝတီတိုင်းတွင် ၄ဦး၊ ကချင်ပြည်နယ်တွင် ၁ဦး၊ စစ်ကိုင်းတိုင်းတွင် ၂ ဦး၊ ပဲခူးတိုင်း ၂ ဦး၊ မကွေးတိုင်းတွင် ၁ဦး၊ မွန်ပြည်နယ်တွင် ၃ဦး သေဆုံးကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် တိုင်းနှင့်ပြည်နယ်အလိုက် ရောဂါဖြစ်ပွားလျက်ရှိသူအရေအတွက်မှာ ရန်ကုန်တိုင်းတွင် ၁၈၀ ဦး၊ နေပြည်တော်တွင် ၁၇ ဦး၊ ရခိုင်ပြည်နယ်တွင် ၂၂ ဦး၊ ဧရာဝတီတိုင်းတွင် ၃၁ဦး၊ ပဲခူးတိုင်းနှင့် မကွေးတိုင်းတွင် ၁ဝ ဦး၊ မွန်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတွင် ၆ဦး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ၄ဦး၊ တနင်္လာရီတိုင်းနှင့် မန္တလေးတိုင်းတွင် ၃ဦး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကရင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ၂ဦးစီရောဂါ ဖြစ်ပွားလျက်ရှိသည်။

လက်ရှိချိန်တွင် H1N1 ဗိုင်းရပ်စ်ပိုးရှိမရှိစစ်ဆေးလျက်ရှိသော သံသယလူနာ ၇၄၂ ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ လူနာ ၃၁၉ ဦးရှိကြောင်း၊၂၀၁၇ ခုနှစ်က မြန်မာတစ်နိုင်ငံလုံးအရ H1 N1 ရာသီပေါ်တုပ်ကွေးရောဂါပိုးကြောင့် သေဆုံးသူ ၃၈ဦးသာရှိခဲ့ကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com