Local News political news

H1N1 ကြောင့် သေဆုံးသူ အရေအတွက် စံချိန်တင် တက်နေ၊ တစ်နိုင်ငံလုံး ၄၃ ဦးသေဆုံးပြီး ၂၄၃ ဦးတွင် ပိုးတွေ့

H1N1 ကြောင့် သေဆုံးသူ အရေအတွက် စံချိန်တင် တက်နေ၊ တစ်နိုင်ငံလုံး ၄၃ ဦးသေဆုံးပြီး ၂၄၃ ဦးတွင် ပိုးတွေ့

ရန်ကုန်၊ဇူလိုင်လ ၁၄

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၃၉မြို့နယ်တွင် ရာသီတုပ်ကွေးရောဂါ H1N1 ဗိုင်းရပ်စ်ပိုးဖြစ်ပွားလျက်ရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်သေဆုံးသူ ၄၃ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

မြန်မာ တစ်နိုင်ငံလုံးအတိုင်းအတာအရ H1 N1 ဗိုင်းရပ်စ်ပိုးကြောင့် ရန်ကုန်တွင် ၃၅ ဦး၊ စစ်ကိုင်းတိုင်းတွင် ၂ ဦး၊ ဧရာဝတီတိုင်းတွင် ၃ ဦး၊ မွန်ပြည်နယ်တွင် ၁ဦး၊ ပဲခူးတိုင်း ၂ဦး သေဆုံးကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံ သိရှိရသည်။

လက်ရှိချိန်တွင် တိုင်းနှင့်ပြည်နယ်အလိုက် ရောဂါဖြစ်ပွားလျက်ရှိသူအရေအတွက်မှာ ရန်ကုန်တိုင်းတွင် ၁၃၉ ဦး၊ နေပြည်တော်တွင် ၁၄ ဦး၊ ရခိုင်ပြည်နယ်တွင် ၁၈ ဦး၊ ဧရာဝတီတိုင်းတွင် ၁၇ ဦး၊ ပဲခူးတိုင်းတွင် ၁ဝ ဦး၊ မကွေးတိုင်းတွင် ၇ ဦး၊ ကချင်ပြည်နယ်တွင် ၁၆ ဦး၊ စစ်ကိုင်းတိုင်းတွင် ၅ဦး၊ မကွေးတိုင်းတွင် ၈ဦး ရှိကြောင်း သိရှိရသည်။

ထို့ပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မွန်ပြည်နယ်၊တနင်္လာရီတိုင်း၊ မန္တလေးတိုင်း တို့တွင် ၃ဦး ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကရင်ပြည်နယ်တို့တွင် ၂ဦးစီရောဂါ ဖြစ်ပွားလျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ရာသီတုပ်ကွေး ရောဂါပိုး H1N1 တွေ့ရှိမှုအနေဖြင့် ၁၃ ဦးပိုးတွေ့ရှိသောမြို့နယ်များမှာ လှိုင်သာယာ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ၉ဦးပိုးတွေ့ရှိသော မြို့နယ်မှာ သင်္ဃန်းကျွန်း၊ ၈ဦး ပိုးတွေ့ရှိသောမြို့နယ်မှာ မြောက်ဥက္ကလာပ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ တို့ဖြစ်သည်။

အဆိုပါ ရောဂါပိုး ၇ ဦးတွေ့ရှိသော မြို့နယ်မှာ လှည်းကူး၊ ရောဂါပိုး ၆ဦးတွေ့ရှိသော မြို့နယ်များမှာ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ မင်္ဂလာဒုံ၊ ရောဂါပိုး ၅ဦးတွေ့ရှိသောမြို့နယ်များမှာ ဒဂုံဆိပ်ကမ်း၊ တောင်ဥက္ကလာ၊ မှော်ဘီ၊ မရမ်းကုန်း၊ ရောဂါပိုး ၄ဦးတွေ့ရှိသောမြို့နယ်များမှာ ကြည့်မြင်တိုင်၊ သာကေတ၊ ရွှေပြည်သာ၊ သန်လျင်၊ ရန်ကင်း တို့ဖြစ်သည်ဟုကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။

ရောဂါပိုးဖြစ်ပွားသူ ၃ဦးစီရှိသော မြို့နယ်များမှာ ဒလ၊ ၊ အင်းစိန်၊ စမ်းချောင်း၊ ရာဂါပိုးဖြစ်ပွားသူ ၂ ဦးစီရှိသော မြို့နယ်များမှာ လှိုင်၊ သုံးဂွ၊ ကမာရွတ်၊ ရောဂါပိုးဖြစ်ပွားသူ ၁ ဦးစီရှိသော မြို့နယ်များမှာ မင်္ဂလာတောင်ညွှန့်မှော်ဘီ၊ အလုံ၊ ကော့မှူး၊ဗဟန်း၊ ဗိုလ်တစ်ထောင်၊ ခရမ်း၊ ကွမ်းခြံကုန်း၊ လသာ၊ ဆိပ်ကြီးခနောင်တို ၊ တာမွေ၊ သန်လျင်၊ ထန်းတပင်၊ ဒေါပုံ၊ ကွမ်းခြံကုန်း၊ လသာ၊ ဆိပ်ကြီးခနောင်တို၊ ပုဇွန်တောင် တို့ဖြစ်ကြောင်းသိရသည်။

ရန်ကုန်တိုင်းအတွင်း H1 N1 ရောဂါပိုးကြောင့် သေဆုံးမှုဖြစ်ပေါ်လျက်ရှိသော မြို့နယ်များမှာ လှိုင်သာယာ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)တွင် သေဆုံးသူ ၄ဦး၊ မှော်ဘီ၊ သာကေတ တွင် သေဆုံးသူ ၃ဦး၊ မြောက်ဥက္ကလာ၊ မင်္ဂလာဒုံ၊ သန်လျင်၊ ရန်ကင်း၊ စမ်းချောင်းတွင် သေဆုံးသူ၂ဦး၊ သင်္ဃန်းကျွန်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံ (ဆိပ်ကမ်း)၊ မရမ်းကုန်း၊ ကြည်မြင်တိုင်၊ လှိုင်၊ သုံးဂွ၊ အလုံ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဆိပ်ကြီးခနောင်တို တွင် သေဆုံးသူ၁ဦးတို့ဖြစ်ကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် H1N1 ဗိုင်းရပ်စ်ပိုးရှိမရှိစစ်ဆေးလျက်ရှိသော သံသယလူနာ ၆၂၇ ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ လူနာ ၂၄၃ ဦးရှိကြောင်း၊၂၀၁၇ ခုနှစ်က မြန်မာတစ်နိုင်ငံလုံးအရ H1 N1 ရာသီပေါ်တုပ်ကွေးရောဂါပိုးကြောင့် သေဆုံးသူ ၃၈ဦးသာရှိခဲ့ကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts