Election Local News political news

၂၀၂၀ ရွေးကောက်ပွဲတွင် သူရဦးရွှေမန်း၏ UBP ပါတီက မြို့နယ် ၂၀၇ ခုတွင် ယှဉ်ပြိုင်မည်

၂၀၂၀ ရွေးကောက်ပွဲတွင် သူရဦးရွှေမန်း၏ UBP ပါတီက မြို့နယ် ၂၀၇ ခုတွင် ယှဉ်ပြိုင်မည်

ရန်ကုန်၊ ဇူလိုင် ၂၈

၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးတွင် သူရဦးရွှေမန်း ၏ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP)က တိုင်းဒေသကြီး၇ ခုရှိ မြို့နယ်၂၀၇ ခု တွင် ရွေးကောက်ပွဲယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

“UBP ပါတီက တိုင်းဒေသကြီး (၇)ခုစလုံးမှာ ရွေးကောက်ပွဲဝင်ပါမယ်၊ တိုင်းဒေကြီး ၇ ခုမှာရှိတဲ့ မြို့နယ်(၂၀၇)မြို့နယ် မှာ မြို့နယ်ပါတီရုံးတွေဖွင့်ပါမယ်၊ပြည်နယ်တွေမှာတော့ တိုင်းရင်းသားတွေကိုဦးစားပေးပါမယ် ”ဟု ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးကိုကိုနိုင်က ပြောသည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီသည် နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးအတွက်ဆိုလျှင် မည့်သည့်ပုဂ္ဂိုလ်၊ မည်သည့်ပါတီ၊ မည်သည့်အဖွဲ့အစည်းနှင့်မဆို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရမည်းသင်းမြို့နယ်ပါတီရုံးဖွင့်ပွဲတွင် ပါတီခေါင်းဆောင် သူရဦးရွှေမန်းက ပြောကြားခဲ့သည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအနေဖြင့် ၂၀၁၉ ခုနှစ် ဧပြီ(၂၅)ရက်နေ့တွင် နိုင်ငံရေးပါတီအဖြစ် တရားဝင်ခွင့်ပြုချက် ရရှိကာ မြို့နယ်ပါတီရုံးခွဲများ ၂၀၀ ခန့် ဖွင့်လှစ်ပြီးစီးနေပြီး၊ သြဂုတ်လ အတွင်း တိုင်းဒေသကြီး ၇ ခုတွင် အားလုံးဖွင့်လှစ် နိုင်ရန်ဆောင်ရွက်နေကြောင်း သိရသည်။ UBP ပါတီအနေဖြင့် တိုင်းရင်းသားဒေသများ၏ တောင်းဆိုလိုလားချက်များ ပေါ်မူတည်က ပြည်နယ်များတွင်လည်း ပါတီရုံးခွဲများဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအနေဖြင့် တိုင်းဒေသကြီးများတွင် မြို့နယ်ရုံးခွဲများဖွင့်လှစ်နေပြီး ပါတီဝင် အဆိုပြုလွှာများကိုလည်း လက်ခံကာ ပါတီအနေဖြင့် တရားဝင်တည်ထောင်ခွင့်ပြုသည့်အချိန်မှ ၃ လအတွင်း ပါတီဝင် အင်အား တစ်သိန်းခန့်ရှိနေပြီးဖြစ်ကြောင်း ပါတီ တာဝန်ရှိသူများထံမှ သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com