Local News Web TV
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတွင် ပြည်သူတစ်ရပ်လုံးပါဝင်ကြရန် ဖမ်းဆီးခံ ကျောင်းသား ၂ ဦး တိုက်တွန်း(ရုပ်/သံ)
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတွင် ပြည်သူတစ်ရပ်လုံးပါဝင်ကြရန် ဖမ်းဆီးခံ ကျောင်းသား ၂ ဦး တိုက်တွန်း(ရုပ်/သံ)
ရန်ကုန်၊ ဇူလိုင် ၁၈
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးတွင် ပြည်သူတစ်ရပ်လုံးပါဝင်ကြရန် ဖမ်းဆီးခံ ကျောင်းသား ၂ ဦးက ယနေ့ တိုက်တွန်းလိုက်သည်။
7 July အထိမ်းအမှတ် ချီတက်ကြသော ကျောင်းသား ၂ ဦးဖြစ်သည့် ကိုဇင်မင်းဖြိုးနှင့် ကို မင်းဟန်ထက်တို့ ၂ ဦးကို ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် လှိုင်မြို့နယ်တရားရုံးတွင် အမှုဖွင့် တရားစွဲဆိုခဲ့ပြီး ကျောင်းသား ၂ ဦးက အာမခံမယူဘဲ အဖမ်းခံခဲ့ကြခြင်းဖြစ်သည်။
“ကျွန်တော်တို့နိုင်ငံမှာ ဒီလိုမတရားမှုတွေ မတရားတဲ့ဥပဒေတွေကြီးစိုးနေတာဟာ၂၀၀၈ ဖွဲ့စည်းပုံကို ကျွန်တော်တို့မပြင်နိုင်သေးလို့ပါ။ အဲ့တာကြောင့် ၂၀၀၈ ဖွဲ့စည်းပုံဟာ ကျွန်တော်တို့ကျောင်းသားတွေ ပြည်သူတွေအားလုံးနဲ့ဆိုင်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးမှာ အားလုံးပါဝင်ပေးပါလို့ တောင်းဆိုပါတယ်” ဟု ကိုဇင်မင်းဖြိုးကဆိုသည်။
ဖွဲ့စည်းပုံပြင်ရေး ပြည်သူလူထုတစ်ရပ်လုံးပါဝင်ရန် တိုက်တွန်း
Posted by Khit Thit Media on Thursday, 18 July 2019
သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ
Related Posts