All News Crime

မြေနေရာပိုင်ဆိုင်မှု အကြောင်းပြု၍ ရွာ ၂ ရွာ အုပ်စုလိုက် ရိုက်နှက်ကြရာ စက်လှေတစ်စီးနှစ်မြုပ်ပြီး လူ ၃၀ လောက်ပျောက်ဆုံးနေ

ရေနံချောင်း၊ ဇူလိုင် ၂၄

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်အတွင်းရှိ ဖရဲကျွန်းကျေးရွာနှင့် ကန်သာရွာသစ်ကျေးရွာအကြားရှိ မြေနေရာတစ်ခုကို ပိုင်ဆိုင်မှုအငြင်းပွားကြခြင်း ရွာ ၂ ရွာ ရိုက်ပွဲဖြစ်ပွားရာမှ စက်လှေတစ်စီးနှစ်မြုပ်ပြီး လူ ၃၀ ခန့် ပျောက်ဆုံးနေကြောင်း လက်ရှိတွင် အလောင်း ၅ လောင်းဆယ်ယူရရှိထားကြောင်း သတင်းတမန်မှစုံစမ်းသိရှိရသည်။

အမျိုးသား ၃ ဦးအလောင်းနှင့် အမျိုးသမီး အလောင်း ၂ လောင်းတို့ဖြစ်ပြီး ပျောက်ဆုံးမှုတွင် ၈ တန်းကျောင်းသားများပါဝင်သည်ဟု သိရကြောင်း ရေနံချောင်းမြို့နယ ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင် ကသတင်းတမန်သို့ပြောသည်။

ရွာ ၂ရွာကြားရှိ မြေနေရာနှင့်ပတ်သက်၍ အငြင်းပွားမှု သည်ကြာရှည်ခဲ့ဖြစ်ပြီး ဇူလိုင် ၂၃ ရက်နေ့ညနေ၌ ရွာ ၂ရွာကြားရိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖရဲကျွန်းရွာသား ၁၅၀ ခန့်က စက်လှေ ၂စီးဖြင့် ကန်သာရွာသစ်ကျေးရွာသို့သွားရောက်ခဲ့ရာ ရွာ ၂ရွာကြား ရိုက်ပွဲစတင်ဖြစ်ပွားပြီး ဖရဲကျွန်းရွာသားများပြန်ထွက်ပြေးစဉ် စက်လှေ တစ်စီးနစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ပျောက်ဆုံးဆဲ လူများကို ဆက်လက်ရှာဖွေနေကြောင်း သိရသည်။

ထပ်မံသိရှိရသောသတင်းများကို ဖော်ပြသွားပါမည်။

Photo credit – ရေနံချောင်းသား

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com