Local News political news

အာဏာသိမ်းမည်ဟု ဆိုသော ဝေဖန်ချက်များကို ဘာမှ မပြောလို၊ လက်ရှိ အချိန်သည် သတိထားစရာ ကောင်းသော အချိန်ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းပြော

အာဏာသိမ်းမည်ဟု ဆိုသော ဝေဖန်ချက်များကို ဘာမှ မပြောလို၊ လက်ရှိ အချိန်သည် သတိထားစရာ ကောင်းသော အချိန်ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းပြော

ရန်ကုန်၊ ဇူလိုင် ၂၅

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ချက် များလွန်း၍ တိုင်းပြည်အန္တရာယ်ရှိသည်ဆိုသော ဗိုလ်မှူးချုပ်မောင်မောင်၏ စကားအပေါ် အာဏာသိမ်းမည်ဟု ဝေဖန်ယူဆချက်များကို ဘာမှ မပြောလိုသော်လည်း လက်ရှိအချိန်သည် သတိထားစရာကောင်းသော အချိန်ဖြစ်ကြောင်း တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောဆိုလိုက်သည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့် သီးသန့် ဆက်သွယ်မေးမြန်းစဉ် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

ရန်ကုန်ခေတ်သစ်က လွှတ်တော်အစည်းအဝေးအပြီးတွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ချက်များ များပြား၍ တိုင်းပြည်အတွက် အန္တရာယ်ရှိသည်ဟု ပြောဆိုမှု အပေါ် အာဏာသိမ်းရန် ခြိမ်းခြောက်ခြင်း ဟု ဝေဖန်မှုများ ထွက်ပေါ် နေကြောင်း၊ ယင်းဝေဖန်မှုများကို မည်သို့ တုံ့ပြန်လိုပါသနည်းဟု မေးမြန်းသောအခါ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘာမှ မပြောလိုဟု ဖြေဆိုသည်။

“ဒါနဲ့ပတ်သက်ပြီးတော့ကျ အာဏာသိမ်းရေး၊ မသိမ်းရေး ကိစ္စကတော့ ဘာမှ မပြောလိုဘူး။ မပြောလိုဘူးဆိုတာက ဒါနဲ့ပတ်သက်ပြီးတော့ အရင်တုန်းက တပ်မတော်အကြီးအကဲတွေလည်း ပြောခဲ့ပြီးသားဖြစ်တော့ မပြောလိုဘူး။ ဘာမှ ထပ်မပြောလိုဘူး။ လွှတ်တော်ပိုင်းဆိုင်ရာနဲ့ပတ်သက်လို့ကတော့ ပြင်ဆင်ရေးလုပ်ငန်းတွေက လွှတ်တော်မှာ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဆောင်ရွက်ရမယ့် လုပ်ငန်းတွေဖြစ်တယ်။ လွှတ်တော်တွင်းမှာ ဆွေးနွေးမှုတွေကိုပဲ ဆက်လက်စောင့်ကြည့်ပါလို့ ပြောချင်ပါတယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုသည်။

ဗိုလ်မှူးချုပ်မောင်မောင်၏ စကားကို ထပ်ဆင့် ဝေဖန်သုံးသပ်ပေးရန် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ငြင်းဆိုသည်။

“ထပ်ဆင့်ပြီး ပြောစရာမရှိပါဘူး။ တစ်ခါတည်း ကျနော်ဖြေပြီးသားပါ။ အန္တရာယ်ရှိတာ၊ မရှိတာနဲ့ပတ်သက်ပြီး ကျနော်တို့ဆီက သဘောထား ဖြစ်တယ်။ ကျနော်တို့နိုင်ငံမှာ နိုင်ငံရေး တည်ငြိမ်ရေး လုံခြုံရေး တည်ငြိမ်ရေး လိုအပ်နေတဲ့ အချိန်အခါမျိုးဖြစ်တယ်။ အဲဒီလို အချိန်အခါမျိုးမှာ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး အပြင်ဘက်မှာက ထောက်ခံတဲ့သူတွေ ရှိသလို တချို့ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီးတော့ ဒါ ကန့်ကွက်နေတဲ့သူတွေလည်းရှိတာပဲ။ ဆန္ဒပြနေတဲ့သူတွေလည်းရှိတာပဲ။ ဒါတွေက သတိထားစရာကောင်းပါတယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုသည်။

NLD မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းကမူ ဗိုလ်မှူးချုပ်မောင်မောင်၏ စကားသည် အာဏာသိမ်းရန်နှင့်ခြိမ်းခြောက်ခြင်းဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုထားသည်။

လာမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးများတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်ပြီး တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အများစု ဝင်ရောက်ဆွေးနွေးရန် ပြင်ဆင်နေပြီဖြစ်ကြောင်း လွှတ်တော်

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts