All News Local News

အကျဉ်းကျခံ ကရင်နီလူငယ်များကို ဆဲဆိုခဲ့သော ဒုထောင်မှူး မတောင်းပန်လျှင် ဆန္ဒပြမည်

အကျဉ်းကျခံ ကရင်နီလူငယ်များကို ဆဲဆိုခဲ့သော ဒုထောင်မှူး မတောင်းပန်လျှင် ဆန္ဒပြမည်

ရန်ကုန်၊ ဇူလိုင် ၂၂

ကယားပြည်နယ်၊ လွိုင်ကော် အကျဉ်းထောင်အတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရသော ကရင်နီလူငယ် ၆ဦးကို ဇူလိုင်လ ၂ဝရက်က ထောင်ဝင်စာသွားတွေ့စဉ် ဒုထောင်မှူးမင်းဇော်တင့်က အကျဉ်းကျခံ ကရင်နီလူငယ်၂ဦးကို လက်ညိုးထိုးပြီး ရိုင်းရိုင်းစိုင်းစိုင်း အော်ဆဲခဲ့မှုကို မတောင်းပန်ပါက ဆန္ဒပြမည်ဖြစ်ကြောင်း ကရင်နီလူငယ်များက ြပောသည်။

ဒုထောင်မှူးမင်းဇော်တင့်အနေဖြင့် ဆဲဆိုမှုအတွက် ပြန်လည်တောင်းပန်ရန်နှင့် ထောင်ပိုင်များက အမြန်ဆုံးဖြေရှင်ပေးမှုမပြုလုပ်ဆောင်ပါက ဆန္ဒပြပွဲများပြုလုပ်သွားမည်ဖြစ်ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု သပိတ်ဦးဆောင်ကော်မတီဝင် ကိုမင်းရဲကျော်ကဆိုသည်။

“ဒီကိစ္စကို ကျူးလွန်ခဲ့တဲ့သူကိုယ်တိုင်ပြန်လည်တောင်းပန်ပြီး နောက်နောင်အလားတူဖြစ်ရပ်မျိုးမဖြစ်ပွားစေဖို့ ရှင်းလင်းပေးဖို့လိုအပ်တယ်။ မဟုတ်ရင် ကျွန်တော်တို့ အပြင်ကလူတွေဆန္ဒပြတောင်းဆိုသွားမယ်”ဟု ၎င်းကပြောသည်။

ကရင်နီလူငယ်၆ဦးကို ကယားပြည်နယ်အစိုးရက နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု နှင့် လုံခြုံရေး ဥပဒေ ပုဒ်မ ၁ဝ ဖြင့် တရားစွဲဆို ဖမ်းဆီးခံထားရသူများဖြစ်ပြီး လွိုင်ကော်ခရိုင် တရားရုံးတွင် ရုံးတင်စစ်ဆေးလျက်ရှိသည်။

ကရင်နီလူငယ်၆ဦးက ထောင်အာဏာပိုင်များ ဖြင့်တွေ့ဆုံခွင့်ရရှိရန် တောင်းဆိုထားပြီးတွေ့ဆုံခွင့်ရန်နှင့် ထိုကိစ္စကို အမြန်ဆုံးဖြေရှင်းပေးရန်အတွက် တောင်းဆိုထားကြောင်း၊ ထိုသို့လုပ်ဆောင်မှုမရှိလျှင် ထောင်အတွင်းဆန္ဒပြမှုများပြုလုပ်သွားမည် ဖြစ်ကြောင်းကိုရဲမင်းကျော်ကဆိုသည်။

ကရင်နီလူငယ် ခြောက်ဦးကို ၂၀၁၉ ခုနှစ် ၊ ဇန်နဝါရီလတွင် လွိုင်ကော်မြို့ ၊ ဂန္ဓာဟေဝန်ပန်းခြံအတွင်း လာရောက်စိုက်ထူခဲ့သည့် ဗိုလ်ချုပ်ကြေးရုပ်နှင့် ပတ်သက်ပြီး ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို နှင့် စီမံဘဏ္ဍာဝန်ကြီး ဦးမော်မော်တို့ကို နိုင်ငံရေး ရာဇဝတ်ကောင် များ ၊ ကရင်နီ အမျိုးသား သစ္စာဖောက် များ ၊ တိုင်းရင်းသားသွေးစည်း ချစ်ကြည်ရေး၏ ဘုံရန်သူများ ၊ ကျေးဇူးကန်းသူများအဖြစ် ကရင်နီလူငယ်များက ကြေညာခဲ့၍ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု နှင့် လုံခြုံမှု ကာကွယ်ရေး ဥပဒေ ပုဒ်မ ၁၀ ဖြင့် ကရင်နီလူငယ်၆ဦးကို ကယားပြည်နယ်အစိုးရက တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်းရှိ ဂန္ဒာဟေဝန် ပန်းခြံတွင် ပြည်လုံးကျွတ်သပိတ်ပြုလုပ်ရန်အတွက် တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF) ဇူလိုင်လ ၁၈ရက်က ကြေညာထားသော်လည်း လက်ရှိအချိန်အထိ လူထုလှုပ်ရှားမှုများ မထွက်ပေါ်လာသေးပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com