All News China Watch Peace

ရန်ကုန်မြို့ လူစည်ကားရာ နေရာ ၃ ခုတွင် မြစ်ဆုံစီမံကိန်း ဆိုးကျိုးများ ပြည်သူသို့ အသိပညာပေးမည်

ရန်ကုန်မြို့ လူစည်ကားရာ နေရာ ၃ ခုတွင် မြစ်ဆုံစီမံကိန်း ဆိုးကျိုးများ ပြည်သူသို့ အသိပညာပေးမည်

ရန်ကုန်၊ ဇူလိုင် ၃

ဧရာဝတီမြစ်ဆုံ စီမံကိန်း အပြီးတိုင် ဖျက်သိမ်းရေးအတွက် ဇူလိုင် ၄ ရက်နေ့တွင် မြစ်ဆုံစီမံကိန်းအပြီးတိုင် ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်က ဦးဆောင်ကာ ရန်ကုန်မြို့ရှိ မြို့နယ် ၃ခုတွင် အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှခြင်းနှင့် အသိပညာပေးမှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး လက်ကမ်းစာစောင်များ ဝေဌေသွားမည့်မြို့နယ်များမှာ ကမာရွတ်မြို့နယ် Junction Square ရှေ့ကျွန်းတောလမ်း တွင် နံနက် ၉ နာရီမှ ၁၁ နာရီအထိလည်းကောင်း၊ စမ်းချောင်းမြို့နယ် မြေနီကုန်းမီးပွိုင့်တွင် နေ့လယ် ၁၂ နာရီမှ ၂ နာရီအထိ လည်းကောင်း၊ ကျောက်တံတတားမြို့နယ် မဟာဗန္ဓု လပန်းခြံရှေ့ နှင့်ပန်ဆိုးတန်သဘောၤဆိပ်တို့တွင် ညနေ ၃ နာရီမှ ၅ နာရီအထိ လည်းကောင်း ပြုလုပ်သွားမည်ဟု မြစ်ဆုံစီမံကိန်းအပြီးတိုင် ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်က ထုတ်ပြန်ထားသည်။

ထိုသို့ပြုလုပ်ခြင်းရခြင်းမှာ မြစ်ဆုံစီမံကိန်းနှင့် ပတ်သတ်သည့်ကိစ္စရပ်များကို တစ်လအတွင်း ချပြရန် နိုင်ငံလုံးဆိုင်ရာ ကွန်ရက်က တောင်းဆိုထားသော်လည်း တစ်လပြည့်မြောက်သည့်အထိ အစိုးရဆီမှ တစ်စုံတစ်ရာ တုံပြန့်မှု မရှိသည့်အတွက် ပြုလုပ်ခြင်းဖြစ်သည်ဟု သိရှိရသည်။

“ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး အစိုးရရဲ့ အခက်အခဲတွေသိအောင် ထုတ်ပြဖို့ ပြောပေယ့် ထုတ်မပြတဲ့အတွက် အသိပညာပေး စာစောင်တွေ ဝေငှတာပါ”ဟု မြစ်ဆုံစီမံကိန်းအပြီးတိုင် ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်က ပြန်ကြားရေးတာဝန်ခံ ဦးခင်စိုးကဆိုသည်။

မြစ်ဆုံရေကာတာ စီမံကိန်းကို စစ်အစိုးရလက်ထက် ၂၀၀၉ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး စီမံကိန်းအပြီးတိုင် ရပ်တန့်ရေးအတွက် မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ မြစ်ဆုံအရေး တက်ကြွလှုပ်ရှားသူများက အကြိမ်ကြိမ် တောင်းဆိုမှုများ ပြုလုပ်ခဲ့သဖြင့် သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၁ ခုနှစ်တွင် ယာယီ ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်သည်။

အဆိုပါ မြစ်ဆုံစီမံကိန်း ဖျက်သိမ်းရေးကိစ္စနှင့် ပတ်သက်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ မြို့ကြီးများတွင်လည်း လက်ကမ်းစာစောင်များ ဝေငှသွားမည်ဖြစ်ပြီး စီမံကိန်းဆိုးကျိုးများကို ပြည်သူသို့ အသိပညာပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts