All News Local News

ရန်ကုန်မြို့တွင် အောင်သပြေရွာကိစ္စ ဆန္ဒပြသူ ၂ ဦး အသိပေးခြင်းမရှိဘဲ ပုဒ်မ ၁၉ ဖြင့် ထပ်မံ တရားစွဲထား

ရန်ကုန်မြို့တွင် အောင်သပြေရွာကိစ္စ ဆန္ဒပြသူ ၂ ဦး အသိပေးခြင်းမရှိဘဲ ပုဒ်မ ၁၉ ဖြင့် ထပ်မံ တရားစွဲထား

ရန်ကုန်၊ဇူလိုင် ၂၆

ရန်ကုန်မြို့တွင် အောင်သပြေကျေးရွာကိစ္စ ဆန္ဒပြခဲ့ကြသူ ၂ ဦးကို အသိပေးခြင်းမရှိဘဲ ပုဒ်မ ၁၉ ဖြင့် ထပ်မံ အမှုဖွင့် တရားစွဲဆိုထားကြောင်း သိရှိရသည်။

မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာမှတွင် မေလအတွင်းက Alpha ဘိလပ်မြေစက်ရုံ ဖျက်သိမ်းရေးတောင်းဆိုခဲ့ကြ ဒေသခံများနှင့် ရဲတပ်ဖွဲ့ကြား ပဋိပက္ခဖြစ်ပွားခဲ့ပြီး ကျေးရွာသူလယ်သမား အများအပြားဖမ်းဆီးခံရပြီး တရားစွဲဆိုခဲ့ကြောင်း၊ အောင်သပြေကျေးရွာကိစ္စ ရန်ကုန်မြို့ရှိ မြို့တော်ခန်းမရှေ့တွင် မေလ ၁၉ရက်နေ့ကဆန္ဒပြမှု တစ်ရပ် ဖြစ်ပွားခဲ့ကြောင်း၊ ထိုဆန္ဒပြပွဲကြောင့် ကိုဌေးအောင်၊ကိုနောင်နောင်၊ကိုကျော်မျိုးတို့ ၃ဦးကို ကျောက်တံတားမြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၁၉ဖြင့် တရားစွဲဆိုထားသော်လည်း ကိုသန့်စင်ထက်၊ ကိုကောင်းထက်ကျော်တို့ကို ဖမ်းဆီးခြင်းမပြုလုပ်ဘဲ တရားစွဲဆိုခဲ့ပြန်ကြောင်း သိရှိရသည်

ကိုသန့်စင်ထက်နှင့်ကိုကောင်းထက်ကျော်က တရားစွဲဆိုထားခြင်းအပေါ် ၎င်းတို့ကိုယ်တိုင်မသိရှိကြောင်း၊ အိမ်သို့ တရားဝင် အကြောင်းကြားစာ ပေးပို့ခြင်းမရှိဘဲ၊ ဇူလိုင်လ ၂၅ရက်နေ့မှ လူမှုကွန်ရက်စာမျက်နှာတွင် သိရှိခြင်းဖြစ်ကြောင်း ကိုကောင်းထက်ကျော်ကဆိုသည်။

“ဒီမိုကရေစီနိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုတာရှိတယ်။ အဲတာကြောင့် ကျွန်တော်တရားရုံးကိုသွားပြီးတော့ အမှုရင်ဆိုင်မှာမဟုတ်ဘူး၊ ကျွန်တော်ကဆန္ဒပြပွဲကို ဦးဆောင်တာမဟုတ်ဘူး။ သွားဝန်းရံတာပဲရှိတယ်”ဟု ကိုကောင်းထက်ကျော်ကဆိုသည်။

လက်ရှိချိန်တွင် အဆိုပါ အမှုကိစ္စနှင့် ပတ်သက်ပြီး ကျောက်တံတားမြို့နယ်တရားရုံးတွင် အမှုရင်ဆိုင်နေရပြီး ၅ကြိမ်မြောက်ရုံးထုတ်စစ်ဆေးပြီးဖြစ်ကြောင်း တရားစွဲဆိုခံထားရသူများကဆိုသည်။

အောင်သပြေကျေးရွာအနီးတွင် တည်ဆောက်နေသည့် ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းအား ဖျက်သိမ်းပေးရန် ဖမ်းဆီးခံကျေးရွာသားများကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုချက်တွေနဲ့ ဆန္ဒပြတဲ့ အောင်သပြေ ဒေသခံများကိုမေလ ၁၅ ရက်နေ့ ၊ နံနက် ၄ နာရီအချိန်ခန့်က ရဲတပ်ဖွဲ့ဝင်များက အင်အားသုံးပြီး ရာဘာကျည်များဖြင့် ပစ်ခတ် ဖြိုခွင်းခဲ့ပြီး ကျေးရွာသားများနှင့် သတင်းထောက်တစ်ဦးကို အာဏာပိုင်များက ဖမ်းဆီး အရေးယူထားပြီး လက်ရှိချိန်တွင် အမှုရင်ဆိုနေရသည်။

မန္တလေးအိုးဘိုအကျဉ်းအထောင် အတွင်း ဖမ်းဆီးခံထားရသည့် အောင်သပြေကျေးရွာသား ဦးထွန်းမြင့်ဝင်း (ခ) ကိုထွန်း သည် ထောင်တွင်းသေဆုံးခဲ့သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts